Sunday, September 28, 2014

ပြည်သူနှင့် ပါတီ ရင်ခုန်သံချင်း ထပ်တူကျရန် ဦးမြင့်ဆွေ ညွှန်ကြား

ခင်မြတ်မြတ်ဝေ

ပြည်သူတို့ လိုအင်ဆန္ဒနှင့် ရင်ခုန်သံချင်း ထပ်တူကျသည့် ပါတီအဖြစ် ဖော်ဆောင်ကြရန် ရန်ကုန်တိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေက ၎င်း၏ ပါတီဝင်များကို ညွှန်ကြားလိုက် သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဦးမြင့်ဆွေ၏ ညွှန်ကြားချက်တွင် ပြည်သူများ၏ လိုအင်ဆန္ဒနှင့် ထပ်တူ ရင်ခုန်သံညီသည့် ပြည်သူ့ပါတီဖြစ်စေရမည် ဟူ၍ အပါအဝင် ပုံရိပ်ကောင်းသော ပါတီဝင်များကသာ ပါတီ၏ ပုံရိပ်ကောင်းကို ဖန်တီးနိုင်သည်၊ ပါတီ၏ လှုပ်ရှားမှုသည် ပါတီ၏အသက်ဖြစ်သည်၊ ပါတီဝင်များသည် ပါတီ၏ လှုပ်ရှားမှုများ၌ အဓိက ဇာတ်ကောင်များဖြစ်သည်၊ မိမိယုံကြည်ချက်အရ မိမိကိုယ်ကို တာဝန်ပေး၍ တာဝန်ယူ ထားသူများဖြစ်သည်ဟုလည်း ထည့်သွင်း ပြောဆိုသွားသည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ခန်းမတွင် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်(၂၀၁၄)မှ ချမှတ်သည့် ရှေ့လုပ်ငန်းစ ဉ်များ အကောင်အထည်ဖော်ရေး ဖိုရမ်တွင် ဦးမြင့်ဆွေက အထက်ပါအတိုင်း ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ပါတီဝင်လူငယ်များ အလုပ်လုပ်ကြရန်လည်း ဦးမြင့်ဆွေက တိုက်တွန်းခဲ့သလို “မိမိတို့ပါတီ အောင်နိုင်ရေးအတွက် ပါတီအပေါ် ပြည်သူလူထုပါဝင်မှုနှင့် ထောက်ခံမှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ပြည်ခိုင်ဖြိုးအနေဖြင့် ပါတီဝင်အင်အားတိုးရန် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်တို့ကို ချဉ်းကပ် မည်ဖြစ်သော်လည်း မှန်ကန်သည့်နည်းလမ်းဖြင့် ချဉ်းကပ်ရန်လိုသည်ဟုလည်း ၎င်းက ဆိုသည်။

အထူးသဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအား လွှမ်းမိုးလိုသည့်သဘော၊ ဆရာလုပ်လိုသည့် သဘောနှင့် ချုပ်ကိုင်လိုသည့်သဘောတို့ဖြင့် ချဉ်းကပ်မှုမလုပ်ရန်လည်း ပါတီဝင်များကို ဦးမြင့်ဆွေက သတိပေးလိုက်သေး သည်။

လူမှုရေးအသင်းအဖွဲ့မှသည် နိုင်ငံရေးပါတီသို့ ပြောင်းလဲဖွဲ့စည်းလိုက်သည့် ပြည်ခိုင်ဖြိုးပါတီမှာ ၂၀၁၀ ရွေးကော က်ပွဲတွင် အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် ပါတီဝင်အင်အား သုံးသန်းကျော်ရှိသည်။

No comments: