Sunday, September 28, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ရန် ဆရာတော်တစ်ပါး လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်

ကေဇူး

ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၇ ခုကို ကိုဖြတ်သန်းကာ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်ဟု DKBA တပ်မတော် အဖွဲ့ဝင်ငြိမ်းချမ်းရေး အကျိုးပြုဆရာတော် အရှင်ဉာဏိဿရက စက်တင်ဘာလ ၂၆ ရက် က ပဲခူးတိုင်းရွှေကျင်မြို့နယ်ရှိ ငြိမ်းချမ်းရေးကျောင်းတိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားခဲ့သည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပေါ်နဲ့အောက် မျှတမှုမရှိဘူး အပေါ်ပိုင်းကအဆင်ပြေပေမယ့် အောက်ခြေမှာ စီးပွားရေးဆန်နေတာတွေ တွေ့ရတယ်။ အောက်ခြေမကျေလည်မှုတွေကြောင့် ပစ်ခတ်မှုတွေဖြစ်လာတယ်၊ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ အားလုံးပါဝင်လာဖို့ တိုက်တွန်းတဲ့သဘောနဲ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်တာပါ”ဟု ဆရာတော် အရှင်ဥာဏိဿရက မဇ္ဈိမကို မိန့်သည်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်မည့် မြို့နယ်များမှာ ပဲခူးမြို့နယ်မှစတင်ကာ ဘုရားကြီး၊ ပြွန်တန်ဆာ၊ ဒိုက်ဦး ညောင်လေးပင်၊ မဒေါက်နှင့် ရွှေကျင်မြို့နယ်များ ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှောင့်နေးကြန့်ကြာနေသည့်အတွက် အောက်ခြေပြသနာများကို ကျေလည် အောင်ဖြေရှင်းပေးရန် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်တွန်းသည့်အနေဖြင့် လမ်းလျှောက်ဆန္ဒထု တ်ဖော်ရခြင်းဖြစ်သည်ဟု ဆရာတော်က မိန့်သည်။

ပဲခူးမြို့နယ်မှ ရွှေကျင်မြို့နယ်ထိ မိုင်ပေါင်း ငါးဆယ်ကျော် ကွာဝေးပြီး လက်ရှိတွင် ပဲခူးတိုင်းအစိုးရထံ ခွင့်ပြု ချက်တောင်းခံထားဆဲဖြစ်သည်။

“ခွင့်ပြုမိန့်တင်ထားတယ်။ စက်တင်ဘာလကုန်ထိစောင့်နေတယ်။ လကုန်ရင်ခွင့်မပြုလည်းလျှောက်မယ်”ဟု
အရှင်ဥာဏိသရကမိန့်သည်။

ထိုသို့လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် ဆရာတော် အရှင်ဥာဏိဿရနှင့်အတူ ငြိမ်းချမ်းရေးလိုလားသူ ဒကာ ဒကာမများနှင့် ရဟန်းသံဃာများလည်းပူးပေါင်းပါဝင်မည်ဟုဆိုသည်။

No comments: