Tuesday, September 30, 2014

ကျုံဒိုးနှင့် သာမညအကြား ခရီးသည်တင်ယာဉ်ကို လက်နက်ကြီးဖြင့် ပစ်၍ လေးဦးဒဏ်ရာရ

Mizzima

ကရင်ပြည်နယ်၊ ကျုံဒိုးနှင့် သာမညကြားရှိ သူရိန်ရွာအနီးတွင် စက်တင်ဘာ ၂၉ ရက် နေ့လည် ၁ နာရီခွဲခန့်က ခရီးတင်ယာဉ်တစ်စင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နက်ကြီး RPG ဖြင့် ပစ်ခတ်လိုက်သဖြင့် ခရီးသည်လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ကော့ဂရိတ်ဆေးရုံသို့ ခေါ်ဆောင်သွားပြီဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး နိုင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရ ခရီးသည်များကို ကျုံဒိုးဆေးရုံကို ပို့ဆောင်ခဲ့ရာ ဒဏ်ရာပြင်းထန်၍ ကျုံဒိုးဆေးရုံက လက်မခံသဖြင့် ကော့ဂရိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

ထို့ပြင် စက်တင်ဘာ ၂၈ရက် ည ၉နာရီခန့်ကလည်း စစ်သားအချို့ ပါသည့် ခရီးသည်တင် ကားတစ်စင်းကိုလည်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့က ပစ်ခတ်ခဲ့သေးသည်ဟု DKBA မြဝတီဆက်ဆံရေးရုံးက ဒုဗိုလ်စောဆေးဝါးက မဇ္ဈိမကိုပြောသည်။ ယင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ မရှိဘဲ စစ်သားများ ထွက်ပြေးသွားသည်ဟု သူကဆိုသည်။

No comments: