Monday, September 29, 2014

ဘူးသီးတောင်မြို့နယ်မှ အဓမ္မပြုကျင့်သူ တစ်ဦး ထောင်တစ်သက်တစ်ကျွန်းချမှတ်ခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီကျေးရွာသား တစ်ဦးအား တောင်ပေါ်သူ အမျိုးသမီး ကျောင်းဆရာငယ် တစ်ဦးအပေါ် အဓမ္မပြုကျင့်မူဖြင့် မောင်တောခရိုင် တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။

“ ဒီလ ၂၄ ရက်နေ့က မောင်တောခရိုင် တရားရုံးက ချမှတ်လိုက်တာပါ။ ပုဒ်မ ၃၇၆ မုဒိမ်းမူနဲ့ ထောင်ချလိုက်တာပါ” ဟု မောင်တောမြို့မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ဆိုသည်။

ထောင်ချခံရသူမှာ ဘူးသီးတောင်မြို့နယ် စဟုန်းဘင်္ဂလီရွာမှ မာမောက်တော်ယော့ (၃၀) နှစ် ဖြစ်သည်။

ယခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့နယ် စဟုန်းခမီးရွာနေ (မ——-) အသက် (၁၇) နှစ်သည် ၎င်း၏ ရွာနီးချင်းစပ် လိပ်ရကျေးရွာတွင် စာပြပြီး မိမိကျေးရွာ စဟုန်းသို့ အဖေါ်မိန်းလေး တစ်ဦးနှင့် ပြန်စဉ် လမ်းခရီးတွင် ၀ါးထမ်းလာသူ ဘင်္ဂလီ လူမျိုးတစ်ဦးမှ ဓါးဖြင့်ထောက်င်္ပြီး အဓမ္မပြုကျင့်ခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဖေါ်အဖြစ်လိုက်ပါလာသူ မိန်းခလေးငယ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

အဓမ္မပြုကျင့်ခံခဲ့ရသူ ခမီးအမျိုးသမီးငယ်မှာ လိပ်ရကျေးရွာတွင် စပါးတောင်းဖြင့် စာပြနေသော ရွာဆရာမ တစ်ဦးဖြစ်ပြီး အဓမ္မပြုကျင့်ခံရမူအား အဆိုပါနေ့တွင်ပင် နီးစပ်ရာ ရဲစခန်းတွင် အမူဖွင့်တိုင်ကြားခဲ့သည်။ သူမအား အဓမ္မပြုကျင့်သူဟု စွပ်စွဲခံရသူ မာမောက်တော်ယော့ (၃၀) နှစ် နယ်စပ်လုံခြုံရေး တပ်ဖွဲ့မှ ဖမ်းဆီးပြီး ပြစ်မူကြီး အမှတ် ၃၀/ ၂၀၁၄ ဖြင့် မောင်တောခရိုင် တရားရုံးတွင် ရုံးတင် တရားစွဲဆိုခဲ့သည်။

ယင်းအမူအား မောင်တောခရိုင် တရားရုံးမှ တစ်လကျော်ကြာစစ်ဆေးပြီးနောက် ပြစ်မူထင်ရှားသဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။

No comments: