Thursday, September 11, 2014

နိုင်ငံ့စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှုအခြေအနေကို စောင့်ကြည့်ရန် လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့

စည်သူအောင်

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေရန်နှင့် ငွေကြေး ဖောင်းပွမှုအခြေအနေကို လေ့လာသုံးသပ်တင်ပြနိုင်ရန် ငွေကြေးဖောင်းပွ မှုနှုန်း လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးအမိန့် ကြော်ငြာစာအမှတ် ၅၆/၂၀၁၄ဖြင့် စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်း၌ ကြေညာခဲ့သည်။

ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်ခင်စောဦး(ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုဘဏ်)က ဆောင်ရွက်ပြီးဒု-ဥက္က္ကဋ္ဌများအဖြစ် ဒေါက်တာပွင့်ဆန်း(ဒုဝန်ကြီး၊စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာလင်းအောင်(ဒု-၀န်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဒေါ်လဲ့လဲ့သိန်း(ဒု-၀န်ကြီး၊ အမျိုးသားစီမံကိန်း နှင့် စီး ပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန)တို့က ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါအဖွဲ့၏ အတွင်းရေးမှူးတာဝန်ကို ဒေါက်တာစန္ဒာဦး (ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်ဗဟိုဘဏ်)က ထမ်းဆောင် မည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဦးမြင့် လွင် (ညွှန်ကြားရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန)၊ ဒေါ်တင်တင်အုန်း (ညွှန်ကြားရေးမှူး၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးဦးထွန်းလှိုင် (ညွှန်ကြားရေးမှူး၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)နှင့် ဒေါ်ခိုင်ရွှေဝါ(ညွှန်ကြားရေးမှူး၊ နိုင်ငံတော်ဗဟိုဘဏ်)တို့က ဆောင်ရွက် မည်ဖြစ်သည်။

ယင်းလုပ်ငန်းအဖွဲ့သည် လစဉ်ငွေကြေး ဖောင်းပွမှုနှုန်း လေ့လာသုံးသပ်ရေးအစီ ရင်ခံစာကို နိုင်ငံတော် သမ္မတရုံးကို တင်ပြရမည်ဖြစ်သည်။

စားသုံးသူ ဈေးနှုန်းကိန်းအရ ငွေကြေးဖောင်းပွမှုအခြေအနေကိုလက်ရှိ၊ယခင်နှစ်အလားတူ၊ယခင်လအခြေအနေများနှင့် နှိုင်းယှဉ်ဆန်းစစ်ရန် နှင့် ငွေကြေးဖောင်း ပွမှုဖြစ်ပေါ် စေသည့် အကြောင်းရင်းကို လေ့လာသုံးသပ်ရမည်ဖြစ်သည်။

ထို့ပြင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရွှေဈေးနှုန်းများ၊ နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေအခြေအနေ၊ပို့ကုန်၊သွင်းကုန် နှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအခြေအနေ၊အသားတင်နိုင် ငံခြား ငွေစီးဝင်မှုတိုးခြင်း၊ အစိုးရ၏ ဘတ်ဂျက် လိုငွေ ဖြည့်ဆည်းရန် ဗဟိုဘဏ်က အစိုးရကို ချေးငွေထုတ်ချေးခြင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ပုဂ္ဂလိ ကကဏ္ဍသို့ ချေးငွေထုတ်ချေးခြင်းအခြေအနေ၊ နိုင်ငံတော်ရငွေ၊ သုံးငွေနှင့် ဘတ်ဂျက်လိုငွေအခြေ အနေ၊ အခွန်ကောက်ခံရရှိမှုနှင့် နိုင်ငံတော်စီးပွားရေး အဖွဲ့ အစည်းများ၏ အခြေအနေများကို လေ့လာသုံး သပ်တင်ပြရမည်ဖြစ်သည်။

ထို့အတူ ကုန်စည်စီးဆင်းမှု၊ လမ်းခရီး ကုန်ကျစရိတ်နှင့် အတားအဆီးဖြစ်ပေါ်သည့် အခြေအနေ၊အဓိက ဈေးကွက်ကြီးများ၏ကုန်ပစ္စည်းလိုအပ်ချက်ပမာဏနှင့် ကုန်စည်ဝင်ရောက်မှု အခြေအနေတို့ကို စောင့်ကြည့်ရမည်ဖြစ်သည်။ အခြေခံကုန်စည်များ၏ ဈေးနှုန်းများကို စုစည်းပြီး ကုန်ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်သည့် အကြောင်းရင်းများနှင့် ဖြေလျှော့နိုင်မည့်နည်းလမ်းများကိုအပတ်စဉ်တင်ပြရမည်ဖြစ်ပြီးလက်လီဈေးနှုန်းစာရင်းများကိုစုစည်း၍စားသုံးသူ ဈေးနှုန်းနှင့် ငွေကြေး ဖော င်းပွမှုနှုန်းကို တွက်ချက် ဆောင်ရွက်ရမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်းရှိ မည်ဟု ဇန်န၀ါရီလက ခန့်မှန်းထားပြီး အာရှဖွံ့ ဖြိုးရေး ဘဏ်က ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု ၎င်း၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ် အဖွဲ့ဝင် စီးပွားရေးပညာရှင် ဦးမော်သန်းက“ ဒီငွေကြေး ဖောင်းပွမှုနှုန်း လေ့လာစောင့်ကြည့်တဲ့လုပ်ငန်းအဖွဲ့ ရှိလာတဲ့အတွက် နိုင်ငံတွင်းမှာဖြစ်ပေါ်လာတဲ့ စီးပွား ရေးအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်း မြင်စေမှာဖြစ်ပါတယ်။ သမ္မတရုံးကို တိုက်ရိုက်တာဝန်ခံရ မှာဖြစ်ပေမယ့် အခုခေတ်က ပွင့်လင်းမြင်သာမှုကို သွားနေတာဆိုတော့ အများပြည်သူသိသင့်သိထိုက်တဲ့ အချိန်အခါတွေမှာ ထုတ်ပြန်ပေးနိုင်မယ်လို့ ယူဆပါ တယ်”ဟု ထင်မြင်ချက်ပေးသည်။

No comments: