ကျော်စိုးမိုး
စည်ပင်သာယာဌာနပိုင် အမှိုက်သယ်ယာဉ်တစ်စီးမှ ရပ်ထာသည့်ယာဉ်ခြောက်စီးကို ဝင်တိုက်မိခဲသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၉ ရက်၊ နံနက် ၁ နာရီခွဲခန့်က အလုံမြို့နယ်အတွင်းဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖစ်စဉ်မှာ အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနားလမ်းအတိုင်း ကြည့်မြင်တိုင်မြို့နယ်ဘက်မှ လမ်းမတော်မြို့နယ်ဘက်သို့ လှိုင်သာယာမြို့နယ်၊ စည်ပင်ဝန်ထမ်း အိမ်ရာတွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ်ယာဉ်မောင်းအမျိုးသား မောင်းနှင်လာသည့် ဖူဆိုအပြာရောင်စည်ပင်အမှိုက်သိမ်းယာဉ်သည် ရပ်ထားသည့် ကင်တာအဖြူရောင်ကိုယ်ပိုင်ယာဉ်ကို နောက်မှစတင်ဝင်ရောက် တိုက်မိခဲ့သည်။
ထို့နောက် ဆင်မင်းလမ်းသွယ်ထိပ် ယာဘက်တွင်ရပ်ထားသည့် စူပါရုပ်ဖ်(ဗင်) အဖြူရောင် အငှားယာဉ်ကိုတိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ ကားပါကင်တွင် ရပ်ထားသည့် ဟိုင်းလတ် ဆပ်ဖ်မီးခိုးရောင်၊ BMW အနက်ရောင်၊ တိုယိုတာမတ်တူး အဖြူရောင်နှင့် ဖော်လန်းဆန်းဒါး စသည့်ကိုယ်ပိုင်ယာဉ်များကို ထပ်မံဝင်ရောက်ကာ တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းသို့တိုက်မိခဲ့သဖြင့် ယာဉ် ၇ စီး၏ပျက်စီးဆုံးရှုံးမှုမှာ ကာလတန်ဖိုးကျပ် ၅၅ သိန်းခန့် ရှိခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မဆင်မခြင်မောင်းနှင်သည့်ယာဉ်မောင်းကို အရေးယူပေးပါရန် အမှတ် (၆) ယာဉ်ထိန်းဒုရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ကြည်မင်းထွေးကတရားလိုပြုတိုင်တန်းပြီး အလုံမြို့မရဲစခန်းမှယာဉ်(ပ) ၂၂/၁၄ ၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment