ကေဇူး
ကျန်ရှိနေသေးသော အစိုးရ သက်တမ်းတွင် နိုင်ငံရေးဆွေးနွေးပွဲ အစပျိုးမှုသာ ရရှိနိုင်မည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း၏ ပြောကြားချက်ကို ငြိမ်းချမ်းရေးအတွက် အားမရဟု ABSDF ဥက္ကဋ္ဌ ဦးသံခဲက မဇ္ဈိမကိုပြောသည်။
ဦးသံခဲက “ကျန်ရှိနေသေးတဲ့ အချိန်ကာလမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အစပျိုးမှုလောက်ကိုပဲ လုပ်နိုင်မယ်လို့ ဦးအောင်မင်းက ဖွင့်ဟ ဝန်ခံသွားတာတွေ့ရတယ် ၊ဒါကိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နည်းနည်းတော့ အားမရဖြစ်ပါတယ်”ဟု ဆိုသည်။
ဇန်နဝါရီ ၂ ရက်က နေပြည်တော်၊ သမ္မတရုံး၏ ဧည့်ခန်းမဆောင်တွင် ABSDF နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (UPWC) တို့ တွေ့ဆုံခဲ့ပြီး လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပြင်ပရောက် အဖွဲ့အစည်းများ လွပ်လပ်စွာ သွားလာခွင့်နှင့် တွေ့ဆုံဆွေးနွေးခွင့်တို့ကို ဆွေးနွေးခဲ့ပြီးနောက် ဦးသံခဲက ပြောခြင်းဖြစ်သည်။
လက်ရှိ အခြေအနေတွင် လွှတ်တော်တွင် ပြောဆိုနေကြသော ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ၊ လွှတ်တော်ပြင်ပ မှ နိုင်ငံရေးဆွေးနွေးပွဲများ ၊လူထုကြားက လှုပ်ရှားမှုများသည် အဓိက ကိုင်တွယ်ဖြေရှင်းရမည့်ပြသနာများဖြစ်ပြီး တွေ့ဆုံးဆွေးနွေးမှု ဖြေရှင်းပေးရန် တိုက်တွန်းခဲ့သည် ဟုဆိုသည်။
ယင်းတွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့အပြင် တပ်မတော်အရာရှိများဖြစ်သည့် ဗိုလ်ချုပ် တင်အောင်ချစ်နှင့် ဒုတိယ ဗိုလ်မှူးကြီး သက်ဖြိုးအောင်တို့ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ABSDF နှင့် UPWCတို့အကြား တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန်လည်း သဘောတူညီခဲ့သည်ဟု ABSDFက ထုတ်ပြန်ထားသည်။
No comments:
Post a Comment