ပန်းမြတ်ဇော်
အလှမယ် သဲထက်မောင်သည် မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၉ ရက်မှ ၃၁ ရက် အထိ ၁၈ ကြိမ်မြောက် ကျင်းပခဲ့သည့် Miss Tourism International 2014-15 ပြိုင်ပွဲတွင် ဆုတံဆိပ်ပေါင်း များစွာနှင့် လွဲချော်ခဲ့ သည်။
“သဲထက်မောင်က ၂၂ ရက်ကြာ ပြိုင်ပွဲကို ၀င်ပြိုင် ခဲ့ပါတယ်။ သဲထက်မောင်လေးရဲ့ ပထမဆုံးနိုင်ငံခြားသွား ဖူးတဲ့ အတွေ့အကြုံ လည်းဖြစ်တယ်။ ပြိုင်ပွဲဝင် အယောက် ၆၀ ကျော်နဲ့လည်း ခင်မင်ခွင့် ရတယ်။ အယောက် ၂၀ ထဲမ ပါပေမယ့် ပွဲအစအဆုံး တာဝန်ကျေကျေနဲ့ ထမ်းဆောင် သွားနိုင်လို့ လှနုတို့ ဂုဏ်ယူရ ပါတယ်။ သဲထက်မောင် ဘာရ ခဲ့လဲဆိုတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ရခဲ့ပါတယ်”ဟု Style Plus H သင် တန်းကျောင်းမှ မလှနုထွန်းက ၎င်း၏ဖေ့စ် ဘွတ်စာမျက်နှာတွင် ဇန်န၀ါရီ ၁ ရက်က ရေးသားဖော်ပြ ထားသည်။
ယင်းပြိုင်ပွဲတွင် Miss Tourism International 2014 ကို ဗင်နီဇွဲလားနိုင်ငံမှ ရရှိ၍ Miss Tourism Metropolitan International ဆုကို ဖိလစ်ပိုင်နိုင်ငံ မှရရှိခဲ့ ကာ Miss South East Asia ကို ဗီယက်နမ် နိုင်ငံမှရရှိခဲ့ပြီး Miss Tourism Global International ဆုကို နယ်သာလန်နိုင်ငံမှ ရရှိခဲ့သည်။
ယင်းအပြင် Miss Tourism Cosmopolitan International ဆုကို တရုတ်နိုင်ငံက ရရှိ ခဲ့ခြင်းဖြစ်သည်။ အလှမယ် သဲထက်မောင်သည် ယင်းပြိုင်ပွဲသို့ ၀င်ရောက် မယှဉ်ပြိုင်ခင် K POP Top Model ရွေးချယ်ပွဲ သို့ ၀င်ပြိုင်ခဲ့ဖူးကာ K POP Top Model Award 1st Runner Up 2014 ဆုကို ရရှိခဲ့ သူတစ် ဦးဖြစ်သည်။
Miss Tourism International 2014 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အလှမယ်များသည် Style Plus H က ပြိုင်ပွဲ ၀င်ကိုခေါ် ယူခဲ့ပြီး အရွေးခံ ရသူ သည်ပြိုင် ပွဲအတွက် ကုန်ကျ စရိတ် များကို အစအဆုံး တာဝန်ယူ နိုင်သူဖြစ် ရမည် ဟုကြေညာခေါ် ယူခဲ့သော်လည်း ရွေးချယ်ခြင်း ခံခဲ့ရသည့် အလှမယ် သဲထက်မောင်အ တွက် Style Plus H က အစ အဆုံး တာဝန်ယူလုပ် ကိုင်ပေး ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲကို မလေးရှားနိုင်ငံတွင် ၁၉၉၄ ခုနှစ်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံမှ ပထမ အကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment