Thursday, January 1, 2015

ကညန ရုံးနယ်မြေများ ပြောင်းရွှေ့သတ်မှတ်မည်

မျိုးသန့်

မန္တလေးမြို့တွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် လုပ်ဆောင်နေသော ယာဉ်လုပ်ငန်းများအား နယ်မြေအလိုက် ဇန်နဝါရီ ၁ ရက်မှစတင်၍ ခွဲခြား လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း အဆိုပါ ဌာနတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မန္တလေးမြို့မှာ တောင်ပိုင်းခရိုင်ရုံးနဲ့ မြောက်ပိုင်းခရိုင်ရုံး သတ်မှတ်ထားတာပါ။ တောင်ပိုင်းခရိုင်ရုံးမှာ အလုပ်များလွန်းတဲ့အတွက် အခုလို ပြောင်းလဲသတ်မှတ်လိုက် တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ နယ်မြေခွဲခြားလိုက်ခြင်းကြောင့် မဟာအောင်မြေမြို့နယ်ကို မြောက်ပိုင်း ခရိုင်ရုံးသို့လည်းကောင်း၊ မိုးကုတ်မြို့နယ်ကို ပြင်ဦးလွင် ခရိုင်ရုံးသို့လည်းကောင်း၊ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ရာ ပြင်ဆင် ပြောင်းလဲသည့်အတိုင်း ဇန်န၀ါရီ ၁ ရက်မှ စ၍ လုပ်ဆောင်ပေးတော့ မည် ဖြစ်သည်။

ပြင်ဆင်သတ်မှတ်ချက်အရ မြောက် ပိုင်းခရိုင်ရုံးတွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေမြို့နယ်တို့ ပါဝင်တော့ မှာဖြစ်ပြီး၊ တောင်ပိုင်း ခရိုင်ရုံးတွင် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ် ကြီး၊ မတ္တရာ၊ စဥ့်ကူး၊သပိတ်ကျင်းမြို့နယ်များ ပါဝင်သွားမည် ဖြစ်သည်။ ထိုနည်းတူ ခရိုင်ရုံး (ရန်ကုန် မြောက်ပိုင်း) အင်းစိန်ရုံးတွင် ပါဝင်သည့် မရမ်းကုန်းမြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့ကို ခရိုင်ရုံး (ရန်ကုန် အနောက်ပိုင်း) မြင်သာရုံးသို့ နယ်မြေပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

မန္တလေးတိုင်းတွင် ကညနလုပ်ငန်းစဉ်များကို ခရိုင်ရုံး (မန္တလေး တောင်ပိုင်း)၊ ခရိုင်ရုံး (မန္တလေး မြောက်ပိုင်း)၊ ပြင်ဦးလွင် ခရိုင်ရုံး၊ မြင်းခြံ ခရိုင်ရုံး၊ မိတ္ထီလာ ခရိုင်ရုံး၊ ရမည်းသင်း ခရိုင်၊ ရုံးတို့မှယာဉ်နှင့် ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

No comments: