ပန်းမြတ်ဇော်
အဖြူရောင် လူသား ပရဟိတ လူငယ်အဖွဲ့ကဦးစီးပြီး ဒီဇင်ဘာ ၃၁ ရက်တွင် နာရေး ကူညီမှု အသင်း (ရန်ကုန်)မြောက် ဒဂုံ၌ ကျင်းပသည့် စုပေါင်းမျက်ကြည်လွှာ လှူဒါန်းပွဲတွင် အလှမယ်ဟယ်လင်မျိုးကို က ၎င်း၏မျက်ကြည်လွှာကို လှူဒါန်းခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။
“ကိုယ်သေ သွားရင် ကိုယ့်ရဲ့အသုံးမ လိုတော့တဲ့ ခန္ဓာကိုယ် ကနေ အသက်ရှင်တဲ့ လူအတွက် အကျိုးရှိတယ် ထင်လို့ လှူဖြစ် တာပါ။ အရမ်းလည်း ပီတိဖြစ် မိပါ တယ်။ ဟယ်လင်တစ်ခုပဲ ဆုတောင်းပါတယ်။ဟယ်လင် သေသွားလို့ ဟယ်လင်ရဲ့မျက်ကြည်လွှာနဲ့ စက္ခုအလင်းရရှိခဲ့သူကလည်း လူအများကို ကူညီတတ် တဲ့သူ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းထားပါတယ်”ဟု အလှမယ် ဟယ်လင်မျိုးကိုက ပြောသည်။
ယင်း စုပေါင်း မျက်ကြည်လွှာ လှူဒါန်း ပွဲတွင် Miss Golden Land Myanmar Organization မှ အလှမယ်များ လည်း ပါဝင် ခဲ့ကြပြီး ဟယ်လင်မျိုးကို၊ အမ်ဂျာ ဆိုင်းနှင့် ဟန်သီတို့သည်လည်း မျက်ကြည်လွှာများ လှူဒါန်းခဲ့ ကြသည်ဟု ၎င်းက ဆိုသည်။
အလှမယ် ဟယ်လင်မျိုး ကိုသည် ပရဟိတ အလုပ်များကို ပြုလုပ် ခဲ့သော်လည်း ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ပရဟိတနှင့် ပတ်သက်ပါက တတ်နိုင်သည့်အဖွဲ့အစည်းဖြင့် လက် တွဲလုပ်ဆောင်မည်ဖြစ်ကာ ၎င်းတစ်ဦး တည်းလည်း ဆက်လက် လုပ်ဆောင် သွားမည် ဟုပြောသည်။
Face Of Beauty Myanmar အလှမယ် ဟယ်လင်မျိုးကိုသည် Face of Beauty International 2014 ပြိုင် ပွဲကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁၅ ရက် ထိထိုင်ဝမ်နိုင်ငံ တွင်သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက် ဖြစ်သည့် I AM ME (ပရဟိတလုပ်ငန်း)၏အကောင်းဆုံး ပရဟိတ စိတ်ထား ဆုကို ရရှိခဲ့ သူဖြစ်သည်။
ယင်းအပြင် ဒီဇိုင်နာမပုံ့ (My Favo-urite)က ဒေါင်းမွှေးများဖြင့် ဖန်တီးထားသည့် နိုင်ငံကိုယ်စားပြုဝတ်စုံ သည်လည်း အဆိုပါပြိုင်ပွဲ၌ Best National Costume ဆုကို ထပ်မံ ရရှိခဲ့သည်။
၎င်းသည် I AM ME project လုပ်ငန်းစဉ်နှင့် မီဒီယာများတွေ့ဆုံပွဲ တက်ရောက်ရန် ဇန်န၀ါရီ ၂၅ ရက်တွင် ထိုင်ဝမ်သို့ သွားရောက်မည်ဟု ဟယ်လင်မျိုးကို ကပြောသည်။
No comments:
Post a Comment