စံလင်း (နိရဉ္စရာ) ရခိုင်ပြည်နယ်တွင်း အသစ်တိုးချဲ့ လိုက်သော ကျိန္တလီမြို့ကို မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် အတွက် ယခုအခါ ဈေး လမ်း ကျောင်း တံတားများကို ကျိန္တလီမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သိရသည်။
Narinjara News
ယနေ့ ထုတ်ဝေသော နအဖ စစ်အစိုးရ သတင်းစာ ကြေးမုံတွင် ကျိန္တလီမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ယခုအခါ မြို့အတွင်းရှိ ရတနာမြိုင် ရေကျော်ကျေးလက် ကျောက်ချော လမ်းခင်းခြင်း လုပ်ငန်းကို လုပ်ဆောင်နေပြီ ဖြစ်သည်ဟု ဖေါ်ပြသည်။
လမ်းလုပ်ခြင်းကို စည်ပင် မြို့နယ် တာဝန်ခံ ဦးမောင်စိန်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းထွန်းလင်း တို့မှ ကြီးကြပ်လုပ်ဆောင်နေဟု ဖေါ်ပြသည်။။
ကျိန္တလီ သည် ယခင်က သံတွဲမြို့နယ်တွင် ပါဝင်သည်။ စစ်အစိုးမှ ရခိုင်ပြည်နယ် အတွင်း မြို့နယ် အသစ် သုံးခုကို တိုးချဲ့လိုက်သဖြင့် ကျိန္တလီ မှာ ရခိုင်ပြည်နယ်တွင်းမှ မြို့နယ်သစ် တခု ဖြစ်လာသည်။
ကျိန္တလီနှင့်အတူ တိုးပွားလာသော အခြားမြို့များမှာ တောင်ပြိုလက်ဝဲမြို့နှင့် မအီမြို့နယ်တို့ ဖြစ်ကြသည်။
No comments:
Post a Comment