Thursday, February 25, 2010

မြစ်ကြီးနားတွင် တရုတ် နဲ့ အိန္ဒိယ လူမျိုးများကို အဓိကထား နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ပေး

KNG

.ဒီလစောစောမှစပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်နေထိုင်တဲ့ တရုတ်နဲ့ အိန္ဒိယ လူမျိုးများကို အဓိကထားကာ မြန်မာ စစ် အစိုးရမှ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားများ ပြုလုပ်ပေးနေပါတယ်။

အခုမှတ်ပုံတင်ပြုလုပ်နေသူ ရာဂဏန်းရှိတဲ့အနက် အများစုကတော့ တရားမ၀င်အခြေချ နေထိုင်သူများဖြစ်ကြ တယ်လို့ မြို့ခံများ ကချင်သတင်းဌာနတို့ ပြောပါတယ်။

စစ်အစိုးရက ဒီနှစ်အတွင်းကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲမှာ တရုတ် နဲ့ အိန္ဒိယ လူမျိုးများ၏ ထောက်ခံမဲ လိုချင် တဲ့အတွက် အခုလိုစည်းရုံးခြင်းဖြစ်ကြောင်းကို ဒေသခံများယူဆထားပါတယ်။

No comments: