KNG
ကချင်ပြည်နယ်၏ အနောက်ဘက် ဟူကောင်းချိုင့်ဝှမ်းဒေသမှ နယ်မြေ ဧက ၄ သိန်းထိကို ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီက ထပ်မံတိုးချဲ့ သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။
ပီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က လီဒိုကားလမ်းမအတိုင်း နမ္မတီး မှ တနိုင်း ကြား နယ်မြေ ဧက ၂ သိန်းကို ယုဇနကုမ္ပဏီ က စစ်အစိုးရမှ ၀ယ်ယူ ခဲ့သော်လည်း ယခုချိန် ဌာနေကချင်ပြည်သူများ၏ မြေကွက်များအပါဝင် နယ်မြေ ဧက ၂ သိန်းကို ထပ်မံ၍ သိမ်းပိုက် လိုက်တာ ဖြစ်တယ် လို့ ဒေသခံများ ပြောပြပါတယ်။
တချိန်ထဲမှာပဲ ကုမ္ပဏီဟာ ၎င်းသိမ်းပိုက် နယ်မြေရှိ သစ်တောများကို အခင်းအတွက် အကုန်ခုတ်ထစ်ရှင်းလင်း ပြီး တချို့ သစ်တုံး ကြီများ ကို ပြည်ပသို့ ထုပ်ရောင်းရန် ရန်ကုန်သို့ ရထားဖြင့် သယ်ယူ နေပါတယ်။
အခုလို စစ်အစိုးရ၏အကာကွယ်ပေးမှုအောက် ယုဇနကုမ္ပဏီ၏ မြေသိမ်းပိုက်မှု နဲ့ သဘာဝသစ်တောများကို အခင်းအဖြစ် ပြောင်းလဲခြင်းပေါ် ဌာနေ ဒေသခံများကတော့ အလွန်မကျေမနပ် ဖြစ်နေကြောင်း စုံစမ်းသိ ရပါတယ်။
No comments:
Post a Comment