Friday, November 19, 2010

မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားများ မကြာခင် နှင်ထုတ်ဖွယ်ရှိ

ခိုနူမ်းထုန်သတင်း၊

မြန်မာနိုင်ငံသားချင်းအမျိုးသားတဦးက အသက် ၅ နှစ်အရွယ်မီဇိုအမျိုးသမီးငယ်ကို မုဒိမ်းကျင့်သတ်ခဲ့သည့် ကိစ္စနဲ့ ပတ်
သက်ပြီး မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားများကို ဒေသခံအာဏာပိုင်များက မကြာခင်နှင်ထုတ်ဖွယ်ရှိ ကြောင်း သိရ သည်။

ယင်းဖြစ်ရပ်များနဲ့ပတ်သက်၍ မီဇိုရမ်ပြည်နယ် Chhimphei VC Welfare မှ အိုင်ဇောလ် South-III ဧရိယာနယ် တွင်ရှိကြ သော မြန်မာနိုင်ငံသားများကို ဒေသအတွင်းမှ အမြန်ဆုံး ထွက်ခွာသွားရန် ယခုလ ၁၁ ရက်နေ့က အသိပေး ထုတ်ပြန် ကြေညာလိုက်ကြောင်း ဒေသထွက် The Zozam Times သတင်းစာထဲတွင် ရေးသားထားသည်။

အိုက်ဇောလ် South-III ဧရိယာအတွင်း ကျေးရွာများတွင် မြန်မာနိုင်ငံသားများ၏ မျက်နှာကို သူတို့အနေနဲ့မမြင်ချင်တော့ ကြောင်း၊ ဒါကြောင့်
အမြန်ဆုံးထွက်သွားကြရန်ဆိုပြီး သတင်းစာမှာဆက်လက်ဖော်ပြထားသည်။

အလားတူ “Aibawk RD Block ဧရိယာပိုင်နက်အတွင်း ကျေးရွာ ၂၀ မှ VC (ရပ်ကွက်လူကြီး) များကလည်း ယခုလ ၁၀ ရက်နေ့က
အရေးပေါ်အစည်းအဝေးတရပ်ပြုလုပ်ခဲ့ကြပြီး ၄င်းအစည်းအဝေး ဆုံးဖြတ်ချက်တွင် ယခုလိုကိစ္စမျိုး နောက် ထပ်မဖြစ်စေရန် Aibawk RD Block တွင် ရှိသော နိုင်ငံခြားသားများကို အိမ်ဖော်အဖြစ် အလုပ်လုပ်ရန် ခေါ်မယ် ဆိုရင် ရပ်ကွက် VC နှင့် YMA တို့နှင့် သဘောတူညီ ချက်ရယူပြီးမှသာ နေထိုင်ခွင့်ပြုရန် ယင်းအစည်းအဝေးတွင် သဘောတူ ညီခဲ့ကြကြောင်း” အဆိုပါသတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

ယခုလ ၈ ရက် တနင်္ဂလာနေ့ညနေပိုင်းက အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် Muallungthu ကျေးရွာ တွင်နေထိုင်သူ ဒံယေလ၏ သမီး Lalhlimpuii (၅) နှစ်အရွယ်ကို မြန်မာနိုင်ငံ၊ ကလေးမြို့နယ်၊ သံဘူ ကျေးရွာ Chungling ၏ သား Henry Vanneihchung (၂၅) က တော်ထဲခေါ်သွားပြီး မုဒိမ်းကျင့်သတ်ခဲ့သည်။

သူ့ကိုလည်း နောက်တနေ့ ၉ ရက်နေ့တွင် ရွာသားများက ဖမ်းမိပြီး ရိုက်နှက်ထိုးကြိတ်သည့် ဒါဏ်ရာကြောင့် သေဆုံး သွားခဲ့သည်။

“ မီဇိုရမ်ပြည်နယ်မှာ မကောင်းမှုများ ကျုးလွန်သူ နိုင်ငံခြားသားတွေကို သူတို့အနေနဲ့ ကြိုက်သလိုအရေးယူလို့မရဘူး၊ အပြစ်ကျူးလွန်တဲ့
မြန်မာနိုင်ငံသားတွေကို မြန်မာပြည်စစ်တပ် လက်ထဲအပ်နှံတဲ့ကိစ္စကိုလည်း အကြိမ်ကြိမ်ဆွေး နွေးခဲ့ပြီး ပြီဖြစ်ကြောင်း မီဇိုရမ် ဝန်ကြီးချုပ်ကလည်း
အကြိမ်ကြိမ် ကြိုးစားလာခဲ့ပြီဖြစ်ကြောင်း အပြစ်ကျူးလွန်တဲ့မြန် မာနိုင်ငံ သား တွေကို မြန်မာစစ်တပ်လက်ထဲကို လွယ်လွယ်ကူကူ အပ်နှံလို့မရကြောင်း အထက်ဗဟိုကနေ သဘောတူ ညီစာ ချုပ်အရင် ယူရမှာဖြစ်ကြောင်း မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu R. Lalzirliana ၏ ပြောပြချက်ကို နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် The Aizawl Post သတင်းစာထဲတွင် ဖော်ပြသည်။

ဆက်လက်၍ “ အိန္ဒိယ နှင့် မြန်မာအစိုးရအကြား စကားပြောပြီးတဲ့နောက်မှ အကျဉ်းသားတွေ လဲလှယ်တဲ့ပုံစံမျိုး နဲ့အပြန် အလှန်
အပေးအယူလုပ်ဆောင်မှသာရတယ်၊ ဒီလိုမလုပ်ရင်တော့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ အင်မတန် ကြောက် စရာ ကောင်းပါတယ်၊
ကျနော်တို့ အနေနဲ့ ကြိုက်သလို လုပ်ဆောင်လို့မရကြောင်း” ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း အိုက်ဇောလ်မြို့တွင် နွားနို့သည် အမျိုးသမီးတဦးကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊
ကလေးမြို့နယ် လက်ပံချောင်းကျေးရွာသားတဦး နှင့် ချင်းပြည်နယ်၊ ကျီးခါးမြို့သားတဦးက မုဒိမ်းပြု ကျင့်ခဲ့ သည်။

အဲဒီမုဒိမ်းမှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူများက မြန်မာနိုင်ငံသားများအပေါ် မကျေမနပ်ဖြစ်နေကြချိန်တွင် ယခုတဖန် ပြန်ပြီး မြန်မာနိုင်ငံသားတဦးက အသက် ၅ နှစ်အရွယ်ကလေးမကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်လုပ်ရပ်ဖြစ်ပွားခဲ့သည့်အ
တွက်ကြောင့် မီဇိုရမ်ပြည်နယ်ကနေ မောင်းထုတ်ခံကြရမှာကို မြန်မာနိုင်ငံသားများက စိုးရိမ်ပူပန်နေကြသည်ဟုသိရသည်။

” ဒီ အဖြစ်က ဆိုးလွန်းပါတယ်၊ မျက်နှာပြရက်စရာတောင် မရှိဘူး ” ဟု အိုက်ဇောလ်ရောက် ချင်းလူကြီးတဦးကပြော သည်။

မီဇိုရမ်ပြည်နယ်တွင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်လုပ်ရပ်များ မကြာခဏဖြစ်ပွားလျက်ရှိသည့်အတွက် ယင်းလုပ်ရပ်များနောက်ထပ်မဖြစ်စေရေးအတွက် မီဇိုးရမ်အမျိုးသမီးများအဖွဲ့(Mizo Hmeichia Insuih khawm Pawl)က ယနေ့
နိုဝင်ဘာ ၁၂ ရက်နေ့တွင် “ Black Day” ဆိုပြီး အထူးဆုတောင်းပွဲ တရပ်ပြုလုပ်ကြမည်ဖြစ်သည်။

No comments: