Thursday, April 28, 2011

မြန်မာနှင့် စစ်ရေး ပူးတွဲ လေ့ကျင့်ရန် အိန္ဒိယ စစ်သင်္ဘောနှစ်စီး ထွက်ခွာ

နိရဉ္စရာ

မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန်အတွက် အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် ယနေ့နံနက်ပိုင်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သတင်း ရရှိသည်။

ထွက်ခွာသွားသော စစ်သင်္ဘော နှစ်စီးမှာ Vajra နှင့် Razia Sultana တို့ ဖြစ်သည်။

“ ဒီ သင်္ဘောနှစ်စီးက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှာ ၄ ရက်ကြာ စစ်ရေး ပူးတွဲ လေ့ကျင့်မူ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့ နံနက်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များသို့ ပြောသည်။

အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် မြန်မာ ရေတပ်နှင့် ဘင်္ဂလာဒေခ်ျ့တွင် ပြုလုပ်ခဲ့သော အလားတူ စစ်ရေး ပူးတွဲ လေ့ကျင့်မူကို မြန်မာ့ ပင်လယ်ပြင်တွင် ၄ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

No comments: