KHONUMTHUNG NEWS
မြန် မာနိုင်ငံအနောက်ဖက် အိန္ဒိယ-မြန်မာနယ်စပ်မြို့များဖြစ်ကြသည့် စစ်ကိုင်းတိုင်း ကလေး နှင့် တမူးမြို့တွင် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက ယာဉ်တိုက်မှုကြောင့် လူပေါင်း ၁၅ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
တမူးမြို့သင်္ကြန်ကာလက မော်တော်ဆိုင်ကယ် နှင့် ကားတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၅ ဦးသေဆုံး ခဲ့ကြောင်း၊ တဦးမှာ ဓားထိုးမှုကြောင့်သေဆုံးခြင်းဖြစ်သည်ဟုတမူးဒေသခံတဦးကပြောသည်။
“ကား နှင့် ဆိုင်ကယ်တိုက်မှုကြောင့်အဓိကသေဆုံးကြတာပေါ့၊ တဦးကတော့ ကုလားအမျိုးသားတဦးကဓားနဲ့ထိုးလို့ သေသွား တယ်၊ အဲဒီကုလားက မဏိပူရ မိုးလေးဘက်ထွက်ပြေးသွားတယ်”ဟုဒေသခံတဦးကပြောသည်။
တမူးသင်္ကြန်ကာလအတွင်းသေဆုံးသွားကြသည့် ၇ ဦးအနက် ၂ ဦးမှာ ထန်းတပင်ကျေးရွာမှ ချင်းအမျိုးသားများဖြစ်ကြ သည်ဟု သိရသည်။
ယခုကဲ့သို့သေဆုံးမှုနဲ့ပတ်သက်ပြီး တမူးဒေသခံတဦးက “အဓိကတော့အရက်အရမ်းများတယ်လေ..လူတိုင်းလိုလို အရက် မူးကြတယ်၊ ပြီးတော့ ယာဉ်ထိမ်းရဲ တွေကလည်း လူအင် အားနည်းနေတော့ သူတို့ အလုပ်ကို သူတို့ မနိုင်ကြဘူးလေ” ဟု ပြောသည်။
အလားတူ ချင်းတောင်ခြေရင်း ကလေးမြို့သင်္ကြန်ကာလအတွင်းမှာလည်း ဆိုင်ကယ်တိုက်မှု၊ ကားတိုက်မှုများကြောင့် အမျိုးသမီး ၃ ဦး နှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့သည်ဟုကလေးဒေသခံတဦးကပြောသည်။
ထို့အပြင် ကလေးမြို့ပြည်သူ့ဆေးရုံးကြီးတွင်းလည်း သင်္ကြန်ကာလအတွင်းထိခိုက်ဒဏ်ရာရရှိသူအယောက် ၂၀ ကျော် ဆေးဝါးကုသမှုခံယူနေကြသည်ဟုလည်း ကလေးဒေသခံကပြောသည်။
No comments:
Post a Comment