Wednesday, November 9, 2011

ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး အစားထိုးခန့်အပ်

KHONUMTHUNG NEWS

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်က ချင်းပြည်နယ် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို အား နေ ပြည် တော်မှ ခေါ်ယူပြီး ၄င်းအစား ဒေသခံ ဖြစ်သူ ပူး ရုန်မှူန် (Pu Rum Hmung) အားအစားထိုးခန့်အပ်လိုက်သည်ဟု သိရ သည်။

ဦးချစ်ကိုကိုသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထန်တလန်မြို့နယ်လုံဒိန်းကျေးရွာအုပ်စု စာရေးဝန်ထမ်း တနေရာ စာအ တွက် ဘွဲ့ရလူငယ် နှစ်ဦးထံမှ ကျပ်ငွေ ၂ သိန်း နှင့် ကျပ်ငွေ ၅ သိန်းအသီးသီးယူထားပြီး ပိုက်ဆံ နှစ်သိန်းပေးသည့် အရင် လူကို အလုပ်မခန့် တော့ သောကြောင့် ဌာနအတွင်း အရှုပ်အရှင်းရှိခဲ့ဘူးသူဖြစ်သည်။

“ အုပ်ချုပ်ရေးဝန်ထမ်းတဦးကမူ အဲဒီဌာနအရှုပ်အရှင်းကြောင့် ဖြစ်နိုင်တယ်၊ အဲဒီကိစ္စအတွက် ဌာနအတွင်းမှာ အမြင် စောင်းမှုတွေလည်း ဖြစ်နေတယ်” ဟု ပြောသည်။ ယင်းကိစ္စဖြစ်ပျက်ခဲ့ချိန်တွင် မြို့နယ် ကြံ့ဖွံ့ခေါင်းဆောင်တွေက ဖြန်ဖြေမှု ပြုလုပ်ခဲ့သည်။

အုပ်ချုပ်ရေးမှူးအသစ်သည် အုပ်စုစာရေးဘ၀မှ တဆင့်ချင်း ရာထူးတက်လာသူဖြစ်ပြီး ကိုယ်ကျင့်ကောင်းမွန်သူ ဖြစ် ကြောင်း နေပြည်တော်တွင် တာဝန်ထမ်း ဆောင်စဉ် ရာထူးတိုးပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြသည်။

“ အုပ်ချုပ်ရေးမှူး အသစ်က ဒေသခံဆိုတော့ ဒေသခံတွေရဲ့လိုအပ်ချက်၊ အနေအထားကို ကျွမ်းဝင်သူဖြစ်တယ်၊ သူ့ ကို နေရာပေးတာက လက်တွေ့လည်း ကျတယ်”ဟု ဒေသခံရပ်မိရပ်ဖ တဦးက ပြောသည်။

ထန်တလန်မြို့နယ်ရှိ အထူးသဖြင့် မြို့နယ် ကျန်းမာရေး၊ ပညာရေးဌာနများတွင် လဒ်စားမှု အမြဲရှိနေကြောင်းလည်း ထပ်မံ သိရသည်။

No comments: