Wednesday, November 9, 2011

KIA နှင့် စစ်ပွဲအကြား ရွာသားတွေကို ကင်းစောင့်ခိုင်း

သျှမ်းသံတော်ဆင့်


ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIAနှင့် မြန်မာစစ်တပ်တို့အကြား စစ်ဖြစ်နေသည့် သျှမ်းပြည် (မြောက် ပိုင်း) မူစယ် ခရိုင် တီးမား ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံရွာသားများကို ဒေသခံကျေးရွာ ပြည်သူ့စစ်အဖွဲ့ ဝင်များက ကင်းသမားအဖြစ် စေခိုင်းနေကြောင်း သိရ သည်။

ရပ်ရွာလုံခြုံရေးအတွက်ဟု ဆိုကာ တီးမားကျေးရွာ အုပ်စု မှ တီးမား ၊ ကုန်းဆာ ၊ မန်ဟိုင်းနှင့် မန်စန့်ရွာသား များအား ညစဉ် ကင်းစောင့် ခိုင်းကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွာသားတွေကို နမ့်တီးချောင်းနားမှာ လူအယောက် ၂၀ စာလောက် ဆန့်တဲ့တဲ တစ်လုံး ထိုးခိုင်းတယ် အဲဒီမှာ စုအိပ်ပြီး အလှည့်ကျပေါ့ သူတို့ပြည်သူ့စစ်တွေနဲ့အတူ ညတိုင်းကင်းစောင့်နေရတယ် ” ဟု သူကဆိုသည်။

ထို့အပြင် ၎င်းကျေးရွာသားများပိုင်ထော်လာဂျီများ မြန်မာစစ်တပ်အတွက် နေ့စဉ် ချောထည့်ပေးနေရပြီး လုံထန်၊ ရှောက်ဟော်နှင့် တက်နိုင်း ကျေးရွာများသို့ ရိက္ခာနှင့် လိုအပ်သည့် ပစ္စည်းများကို ပို့ဆောင်ပေးရကြောင်း သိရသည်။

No comments: