Wednesday, November 9, 2011

သျှမ်းပြည် (မြောက်ပိုင်း) နမ့်မ တံတားတွင် ဗုံးပေါက်ကွဲ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကွန်လုံ ကျေးရွာ အနီးရှိ နမ့်မ ချောင်းကူး တံတားတွင် ယမန် နေ့ည ၉ နာရီ ခွဲခန့်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက် ကွဲခဲ့ပြီး ၄င်းတံတား ပျက်စီး သွားကြောင်း သိရသည်။

ကချင်နှင့်သျှမ်းပြည် (မြောက်ပိုင်း) နယ်မြေနှစ်ခုကို ဆက်သွယ်ထားသော တံတားဖြစ်ပြီး ဗုံးကွဲမှုကြောင့်တံတား အစိတ် အပိုင်း ၅၀ ရာခိုင် နှုန်းခန့် ပျက်စီးသွားကြောင်း နမ့်ခမ်းမြို့ အာဏာပိုင် သတင်းရပ်ကွက်က သျှမ်းသံတော် ဆင့်သို့ အတည် ပြု ပြောသည်။

ယခုအခါ ကားများသွားလာ၍ မရတော့ဟု ဒေသခံများက ဆိုသော်လည်း အာဏာပိုင်သတင်းရပ်ကွက်ကမူ ယာဉ်ငယ်များ သွားလာ နိုင်သေး ကြောင်း ဆိုသည်။

အခင်းဖြစ်ပွားသည့် ညပိုင်းက အစိုးရစစ်တပ် အပြည့်တင်ဆောင်ထားသော စစ်ကား ၆ စီးခန့် မူစယ်မြို့မှနမ့်ခမ်း ဘက်သို့ ထွက်ခွာ သွားကြောင်း မျက်မြင်ဒေသခံများ အဆိုအရ သိရသည် ။

No comments: