Tuesday, November 22, 2011

(၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ ကျင်းပ

ရိုးမ ၃


တန်ဆောင်မုန်း လပြည့်ကျော် (၁၀)ရက် နေ့မှာ ကျရောက်သည့် အမျိုးသား အောင်ပွဲနေ့ အထိမ်း အမှတ် အခမ်း အနား များကို အမျိုး သား ဒီမို ကရေစီ အဖွဲ့ ချုပ်နှင့်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများက ရန်ကုန်နှင့် နယ်မြို့ များတွင် ဒီကနေ့ မနက် ပိုင်းက ကျင်းပ ပြုလုပ် ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ အဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်း စုကြည်က အမျိုးသား နေ့ရဲ့ မူလ အစဟာ ပညာရေး တောင်ဆို ရာက စတင်ခဲ့ တာဖြစ်ပြီး တိုင်းပြည်မှာ ပညာတတ် သူတွေေ ပါများဖို့ လူအများ ပညာ သင်ကြား နိုင်ဖို့ အရေး တကြီး လိုအပ်ကြောင်းနှင့် နိုင်ငံ တနိုင်ငံ တိုးတက် လာဖို့ ပညာ ရေးက အင်မတန် အရေး ကြီးကြောင်း အလေးထား ပြောကြား ခဲ့သည်။

အဖွဲ့ချုပ်ရဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကာတွန်းပြပွဲနှင့် စာပေဟောပြောပွဲများလည်း ပြုလုပ်ခဲ့ပြီး စာရေး ဆရာများက အမျိုးသားနေ့အကြောင်းဟောပြောခဲ့သည်။ အဆိုပါပွဲတွင် အညတရ သူရဲကောင်းဆုရှင် (၄) ဦးရွေးချယ်ခဲ့ပြီး ဆုရှင်များ အတွက် ဒေါ်အောင်ဆန်း စုကြည်က ဆုချီးမြှင့်ခဲ့သည်။

အဖွဲ့ချုပ်က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားအပြင် (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် ကြေညာ ချက်တစောင်လည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် အမျိုးသားအောင်ပွဲ သမိုင်းသင်ခန်းစာများကိုယူပြီး တိုင်းပြည် နှင့်ပြည် သူလူထု အကျိုးစီးပွားမျာကို ဆောင်ရွက်နိုင်ရန် မလွဲမသွေ လိုအပ်နေသည့် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြရမည့်ဟု ဖော်ပြ ပါရှိသည်။

အမျိုးသားညီညွတ်ရေးနှင့်ပတ်သက်ပြီး လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားညီညွတ်ရေးဆိုတာ ခေါင်းဆောင် များသာ ညီညွတ်ခြင်းကို မဆိုလို၊ လူမျိုးဘာသာ၊ ယောင်္ကျား မိန်းမ၊ ဂိုဏ်းဂဏမရွေး တနိုင်ငံလုံး အပြောသာမဟုတ် အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြ သည်ကို ဆိုလိုကြောင်း ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်ကိုလည်း ဖော်ပြထားသည်။

၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် နယ်ချဲ့အစိုးရက အတည်ပြုပြန်ဌာန်းခဲ့သည့် တက္ကသိုလ် အက်ဥပဒေတွင် ကျောင်းသား ပြည်သူ အများစု လက်မခံနိုင်သည့် ကန့်သတ်ချုပ်ချယ်မှုများ ပါဝင်နေသည့်အတွက် တက္ကသိုလ်ကျောင်းသား (၁၁)ဦးက ငြိမ်းချမ်းစွာ သပိတ်မှောက်တိုက်ဖျက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ သမိုင်းကို ဖော်ပြထားသည်။

ကျောင်းသားသပိတ်ကြီး အောင်မြင်ခဲ့ရခြင်းမှာ ခေါင်းဆောင်များ၏ ဦးဆောင်မှုကိုခံယူပြီး စည်းလုံးညီညွတ်စွာ လိုက်နာဆောင်ရွက်ခြင်း၊ အမျိုးသားရေး တာဝန်တရပ်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ စည်းကမ်းစနစ်တကျရှိခြင်းနှင့် ပြည်သူလူထုက တခဲနက်ထောက်ခံကြ ခြင်းစသည့် အင်အားတို့ကြောင့်ဖြစ်ကြောင်း ရေသားထားသည်။

အလားတူ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားဟောင်းများစုပေါင်းပြီး ရန်ကုန်မြို့ ရွှေည၀ါ သာဓု ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေည၀ါ ဆရာတော်ဘုရားကြီးက ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးတရားဟောကြားခဲ့ပြီး သတင်းစာ ဆရာကြီးဦးဝင်းတင် နှင့် စာရေး ဆရာကြီး ဒဂုန် တာရာ တို့က ငြိမ်းချမ်းရေး အမှာ စကား ပြောကြား ခဲ့သည်။ အခမ်း အနားသို့ ဧပရိသတ် (၅၀၀)ကျော် တက် ရောက်ပြီး အကျဉ်းသား မိသားစု ၀င်တွေက သံဃာအပါး (၂၀၀) ကျော်ကို ဆွမ်းကပ် လှူဒါန်း ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တို့ကို အမြန်ဆုံး အကောင် အထည် ဖော်ဆောင်ရွက် ပေးရန် စသည့် မေတ္တာရပ်ခံချက်များပါသည့်စာကို နိုင်ငံတော် သမ္မတထံ ပေးပို့ဖို့ တက်ရောက်လာသည့် ပြည်သူလူထုနှင့် ဒီမိုကရေစီအင်အားစုများက လက်မှတ်ရေးထိုးခဲ့သည်။

အလားတူ အခမ်းအနားမျာကို မန္တလေးတိုင်းအတွင်းရှိ မိတ္ထိလာ၊ ကျောက်ပန်းတောင်း ပျော်ဘွယ် စသည့် လေးမြို့နယ်က စုပေါင်းပြီး သာစည်မြို့ ဘုရားငါးဆူကျေးရွာ ခြောက်ဆူတောင် ဆုတောင်းပြည်ဘုရားတွင် ဒီကနေ့ ပိုင်းက ကျင်းပခဲ့သည်။

အမရပူရ တောင်သမန်ကျော်တော်ကြီးဘုရားတွင်လည်း မန္တလေးတိုင်းတွင်းက ဒီမိုကရေစီအင်အားစုများစု ပေါင်းပြီး အမျိုးသား အောင်ပွဲ နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ကာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆုတောင်း ပွဲပြုလုပ် ခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်များတွင်လည်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားအောင်ပွဲနေ့အဖြစ် ၁၉၂၀ ခုနှစ်တွင် ပညာရေးလွတ်လပ်ခွင့်များအတွက် နယ်ချဲ့ဗြိတိသျှအစိုးရကို ရန်ကုန် တက္ကသိုလ် ကျောင်း သား များက ပထမဆုံး သပိတ်မှောက် ဆန္ဒပြ အောင်မြင်ခဲ့ သည့်နေ့ကို ဂုဏ်ပြု သတ်မှတ်ခြင်း ဖြစ်သည်။

No comments: