Wednesday, November 23, 2011

ကျောက်လုပ်ငန်းခွင် အစောင့်တပ် ဗုံးပစ်ခံရ

သျှမ်းသံတော်ဆင
့်
သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ အခြေစိုက် စစ်ဗျူဟာမှ စီးပွားဖြစ်လုပ်ကိုင်နေသောကျောက် ထုတ်လုပ်ငန်းခွင် အတွင်း ယမန်နေ့ညပိုင်းက လက်ပစ်ဗုံး ၃ လုံး ပစ်ပေါက်မှု ဖြစ်ပွားခဲ့ရာလုပ်ငန်း ခွင် လုံခြုံရေးတာဝန်ကျ ပြည်သူ့စစ် တစ်ဦးသေဆုံး သွားကြောင်း သိရသည်။

မူစယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် ကျိန်းစမ်းကျော့ရွာအနီး ကျောက်တောင်ဖြိုချ၍ ကျောက်ထုတ်နေသည့် လုပ် ငန်းခွင်၌ လုံခြုံရေးယူထားသော စစ်တပ် နှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့အား အမည်မသိ လက်နက်ကိုင် အဖွဲ့က ဗုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း ကြူကုတ်အာဏာပိုင်သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ည ၁၁ နာရီလောက်ဖြစ်မယ် ကျောက်တောင်လုံခြုံရေး အဖွဲ့ကို ဗုံး ၃ လုံးပစ်သွင်းသွားတယ်၊ ထိခိုက်မှုရှိတယ်၊ အရေ အတွက် အတိအကျမသိဘူး။ ပြည်သူ့စစ်တစ်ယောက် သေတယ်လို့သိရတယ်။ ပစ်တဲ့အဖွဲ့တွေကတော့ ထွက်ပြေးသွား တယ်” - ဟု အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

၎င်းကျောက်ထုတ်လုပ်ငန်းကို ကွတ်ခိုင်ဗျူဟာမှ ဦးစီး၍ နမ့်ခမ်းမြို့ မြို့မပြည်သူ့စစ်အဖွဲ့မှ ကန်ထရိုက်ယူလုပ်ကိုင် ကာ တရုတ်နိုင်ငံဘက်သို့ ရောင်းချကြောင်းလည်း သိရသည်။

No comments: