Friday, November 11, 2011

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်ကို မကြည့်ဝံ့သေး

ကောင်းဝါသတင်းဌာန

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလကုန်ပိုင်းတွင် ထုတ်ဖော်ပြသမည့် သူမ၏ ဘဝဇာတ်လမ်းသရုပ်ဖေါ် ဇာတ်ကားကို မကြည့်ဝံ့သေးကြောင်းနှင့် စိတ်ခွန်အား ရဲရင့်သည့်အချိန်တွင် ကြည့်ရှုမည် ဖြစ်ကြောင်း ပြောသွားခဲ့သည်။

သူမ၏ ဘဝသရုပ်ဖော် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ Luc Besson က ဖိနှိပ်မှုအောက်မှ သူမ၏ ဒီမိုကရေစီ ရုန်းကန် ကြိုပမ်း မှု ဇာတ်ဝင်ခန်းများကို ရိုက်ကူးထားပြီး၊ ၎င်းရုပ်ရှင်ဇာတ်လမ်းကို လူအများက စိတ်ဝင်တစား ကြည့်ရှုကြမည်ဟု ဒေါ်အောင်ဆန်း စုကြည် က ယုံကြည်သည်။

ယခုလကုန်ပိုင်းတွင် ပြသမည့် သူမ၏ ဘဝသရုပ်ဖော် ဇာတ်ကား မိတ္တူအချပ်တချပ်ကို တောင်းယူထားသော်လည်း သူမအနေနှင့် ထို ဇာတ်ကားကို မကြည့်ဝံ့သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဘဝသရုပ်ဖော် ရုပ်ရှင်ဇာတ်ကားထဲတွင် ရန်သူ၏ လက်ချက်ကြောင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်နှင့် သူမ၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရသည့် ဇာတ်ဝင်ခန်း အပါအဝင် သူမ၏ ခင်ပွန်းသည် Michael Aris ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သည့် ဇာတ်ဝင်ခန်းများလည်း ပါဝင်သည်။

ရုပ်ရှင်ဇာတ်ကားကို The Lady ဟု အမည်ပေးထားပြီး အဓိကဇာတ်ဆောင်အဖြစ် Michelle Yeoh က သရုပ်ဆောင်ထားသည်။ ပြီးခဲ့သည့် ပြသမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားတဦးက လာရောက် ကြည့်ရှုခဲ့သည်ဟု ဒါရိုက်တာ ပြောကြားခဲ့သည်။

ဇာတ်ကားဒါရိုက်တာ Besson နှင့် အသက် ၄၈ နှစ်အရွယ်ရှိ သူ၏ ဇနီးဖြစ်သူ Michelle Yeoh က ပြီးခဲ့သည့်နှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ရန်ကုန်တွင် တွေ့ဆုံခဲ့သည်။

ဇာတ်ကားဒါရိုက်ဒါဖြစ်သူ Besson က သူ၏ ဇာတ်ကား နောက်ဆုံးတည်ဖြတ်ထားမှုကို ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းကြား ခဲ့သေးကြောင်း၊ ဒေါ်စုက ၎င်းအား ကျေးဇူးတင်စကား အကြောင်းပြန်ခဲ့ပြီး ထိုရုပ်ရှင်ကို သူမ၏ စိတ်ခွန်အား ရဲရင့်သည့်အချိန်တွင် ကြည့်ရှုမည် ဖြစ်ကြောင်း ပြောသွားခဲ့သည်။

No comments: