Sunday, June 17, 2012

ပြုပြင်ပြောင်းလဲရေး အားလုံးပါဝင်မှ ရေရှည်ခံမယ်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက် တွန်း

ရဲနည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျမက အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ ဘယ်လိုနေရာကမဆို ပါဝင်ဖို့ အဆင်သင့် ဖြစ်နေ ပြီလို့ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခမ်းမမှာ ကျင်းပတဲ့ နိုဗဲလ်ဆုကော်မတီက ကြီးမှူးပြီး နော်ဝေဘုရင်၊ မိဖုရား၊ အိမ်ရှေ့မင်းသားတို့ အပါအဝင် လူတထောင်လောက် တက်ရောက်တဲ့ ဇွန်လ ၁၆ ရက် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပြည်တွင်းက အင်အားစုအားလုံးရဲ့ ဉာဏ်ပညာနဲ့ ယှဉ်တဲ့ ပူးပေါင်းမှုနဲ့မှ ရေရှည်ခံမယ်။ တပ်မ တော်၊ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ စီးပွားရေးသမားတွေနဲ့ အရေးအကြီး ဆုံး ဖြစ်တဲ့ ပြည်သူလူထုက တက်ညီလက်ညီ ပူးပေါင်းလုပ်ဖို့ လိုကြောင်း မြန်မာ့နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင်က ပြောဆိုလိုက်ပါတယ်။

ပြည်သူလူထုဘဝ တိုးတက်မှ ပြုပြင်ပြောင်းလဲရေးဟာ ထိရောက်မှာမို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ် လို့ ဆိုပါတယ်။

“ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့၊ နှစ်နိုင်ငံအကြား သဘောတူညီချက်နဲ့ ရင်းနှီးမြှုပ် နှံမှုတွေဟာ အပြန်အလှန် အကျိုး ပြုစေ သင့်တယ်။ ဟန်ချက်ညီပြီး ရေရှည်ခံမယ့် စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတွေကို အထောက် အပံ့ပြုစေသင့်ပါတယ်” လို့ ဒေါ်အောင်ဆန်း စု ကြည်က ပြောပါတယ်။

ဇွန်လ ၁၅ ရက် နော်ဝေဝန်ကြီးချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နော်ဝေဝန်ကြီးချုပ် မစ္စတာ ဂျန်စတိုလ်တဲန်းဘဂ်က နော်ဝေ စီး ပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဆော်ဩခဲ့ပါသေးတယ်။

လတ်တလော လူ ၅၀ သေကြေခဲ့ရတဲ့ ရခိုင်ပြည် အကြမ်းဖက်မှု၊ သေနတ်သံ မဆဲသေးတဲ့ ကချင်ပြည် စစ်ပွဲများနဲ့ ပတ်သက်ပြီးလည်း ငြိမ်း ချမ်းရေးကို ပျက်ပြားစေတဲ့အပေါ် စိုးရိမ်မကင်းရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ခြောက်ခြားဖွယ် သတင်းတွေက ကမ္ဘာမြေရဲ့ တခြားတဘက်အထိအောင် ရောက်နေပြီ။ ဆာလောင်ငတ် မွတ်မှု၊ ရောဂါဘယ၊ နေရပ်ပျောက် ဆုံးမှု၊ အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ခွဲခြားကန့်သတ်ခံရမှု၊ အယူအစွဲအမှားတွေ၊ အမုန်း ကြီးမှုတွေက ကျမတို့ရဲ့ နေ့စဉ် ဘဝတွေ ဖြစ်နေ ရတယ်။ နေရာတိုင်းမှာ မကောင်းဆိုးဝါးတွေက ငြိမ်းချမ်းရေးရဲ့ အခြေခံတွေကို ဝါးမြိုပစ် နေတယ်။ ကမ္ဘာကြီးမှာ ပျော်စရာ တွေနဲ့ အချင်း ချင်း လိုက်လျောညီထွေဖြစ်မှုကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ လူ့အရင်းအမြစ်နဲ့ ရုပ်ဝတ္ထု တွေ ကို အဆင်ခြင်မဲ့ အလဟဿ နေရာ တိုင်းမှာ လုပ်နေ ကြတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ဒုက္ခအကြောင်းကို အနက်ဖွင့်ဆိုပြီး ဒုက္ခအကြောင်းတွေးတိုင်း အကျဉ်းသားများ၊ စစ်ပြေးဒုက္ခသည်များ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ လူကုန်ကူးခံရသူများ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးရသူများ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေများဆီက ဝေးကွာနေရ သူများ၊ မဖော် ရွေတဲ့ တစိမ်း များကြား မနေချင်ဘဲ နေနေရသူတွေကို အတွေးရောက်မိကြောင်းလည်း ပြောပါတယ်။

“ကမ္ဘာကြီးအစိတ်အပိုင်း နေရာတိုင်းမှာ ဒုက္ခသည်တွေရှိနေတယ်။ မကြာသေးခင်က ထိုင်းမှာရှိတဲ့ မယ် လဒုက္ခသည်စခန်း ရောက်တော့ ကြမ်း တမ်းတဲ့ဘဝတွေကို ကြံ့ကြံ့ခံနေကြသူတွေနဲ့ ကျမ တွေ့ခဲ့ ရတယ်။ အလှူရှင်တွေ စိတ်ပမ်း လာမှု ကို သူတို့ စိုးရိမ်ကြတယ်။ အလှူရှင်တွေ စိတ်ပမ်းလာမှုကို ဘာသာပြန်ရင် ကရုဏာစိတ် ခမ်းခြောက်လာမှုပေါ့” လို့ပြောကြားခဲ့ပြီး “သူတို့ရဲ့ ဒုက္ခကို မျက်ကွယ်ပြုလိုက်လို့ ရလာမယ့် အကျိုးရလဒ်ထက် သူတို့လိုအင်တွေ ဖြည့်ပေးဖို့ကုန်ကျစရိတ်က ပိုကြီးလို့များလား” လို့လည်း မေးခွန်းထုတ်ပါတယ်။

ဒုက္ခသည်တွေကို တာဝန်ယူနေရတဲ့ ထိုင်းအာဏာပိုင်တွေကလည်း သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြောပြတဲ့အခါ သစ်တောဥပဒေ ချိုး ဖောက်မှု၊ မူး ယစ်ဆေးသုံးစွဲမှု၊ အရက်ချက်ရောင်းမှု၊ ငှက်ဖျား၊ တီဘီ၊ တုတ်ကွေး ဝမ်းပျက်ရောဂါ ထိန်းချုပ်ရေး အခက်အခဲတွေ ပါဝင် တယ်လို့ ဒေါ် အောင် ဆန်းစုကြည်က ထည့်ပြောပါသေးတယ်။

သူတို့ရဲ့ဒုက္ခတွေကို မမေ့အပ်ဘူးလို့ ပြောဆိုပြီး နိုဗဲလ်ငြိမ်းချမ်းရေးဆုဟာ အထီးကျန်ပြီး ဖိနှိပ်မှုအောက်က မြန်မာပြည်ကို ကမ္ဘာကြီးရဲ့ အစိတ် အပိုင်းတခုအဖြစ် အသိအမှတ်ပြုခဲ့တာ ဖြစ်သလို မြန်မာတွေကလည်း လူသားတွေရဲ့ တခုတည်းဖြစ်မှုကို အသိအမှတ် ပြုပါတယ် လို့လည်း ဆိုပါ တယ်။

“ကျမအတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ရလိုက်တာဟာ နယ်ခြားမျဉ်းတွေကို ကျော်ဖောက်ထွက်လာတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကျမရဲ့ စိုးရိမ်ပူပန်မှုတွေကို ထပ်ချဲ့ပေးလိုက်သလိုပါပဲ။ နိုဗဲလ်ငြိမ်းချမ်းရေးဆုဟာ ကျမ နှလုံးသား တံခါးကို ဆွဲဖွင့်သွားခဲ့တယ်” လို့ ဒေါ် အောင် ဆန်းစုကြည်က ထည့်ပြောသွားပါတယ်။

အခမ်းအနားတက်လာသူတွေ အားလုံးမတ်တတ်ရပ်ပြီး လက်ခုပ်ဩဘာပေးကြတာ ၂ ကြိမ်ပါ။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမခြွေခင်နဲ့ မိန့်ခွန်းအပြီးမှာပါ။ မိန့်ခွန်းပြောနေစဉ်အတွင်း လက်ခုပ်တီးကြပါသေးတယ်။ မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရည် ရွယ်ပြီး “လူ အများသိသူတွေ လွတ်ပြီး ကျန်တဲ့သူတွေ၊ လူမသိသူတွေကို မေ့ပစ်လိုက်မှာ ကြောက်စရာ ကောင်းပါတယ်” လို့ ပြောချိန်မှာပါ။

အခမ်းအနားဖွင့်အပြီး ဒေါ်အောင်ဆန်းစုကြည် မတိုင်ခင် နိုဗဲလ်ကော်မတီဥက္ကဋ္ဌ မစ္စတာ သောဘ် ဂျွန်းဂျဂ်လန်းက မိတ်ဆက်ရာမှာ မြန် မာ့ဒီ မိုကရေစီခေါင်းဆောင်ဟာ “စည်းမျဉ်းစည်းကမ်းအပေါ် ခိုင်ကျည်ပြတ်သားသူ၊ အနစ်နာခံသူ၊ အင် မတန်အတုယူချင်ဖွယ် ဇွဲခတ်သူ” လို့ ချီး မွမ်းသွားပါ တယ်။

“ခင်ဗျားဟာ တကမ္ဘာလုံးရဲ့ စိတ်ဓာတ်ရေးရာ ခေါင်းဆောင်ပါ” လို့ ဒေါ်အောင်ဆန်း စုကြည် ရှိရာကို စကားပြောစင်မြင့်ကနေ မျက်နှာမူပြီး သူက ပြောပါတယ်။

မစ္စတာ သောဘ်ဂျွန်းဂျဂ်လန်းက ဆက်ပြီး “ခင်ဗျားရဲ့ နာမည်ကို ထုတ်ပြောတဲ့အခါတိုင်း ဒါမှမဟုတ် ခင် ဗျားက စ ကားပြောတိုင်း ခင်ဗျားရဲ့ စကားလုံးတွေဟာ စွမ်းအင်သစ်တွေ၊ မျှော်လင့်ချက်တွေ ကမ္ဘာကြီးအတွက် သယ်ဆောင်လာ တယ်” လို့ ပြောပါတယ်။

မိန့်ခွန်းပြောရာမှာ စကားလုံးတွေကို ပီပီသသ ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ပေမယ့် ခရမ်းရောင်အကျီ၊ အဖြူရောင်ချိတ်ထမီကို ဝတ်ဆင်လာတဲ့ ဒေါ် အောင်ဆန်းစုကြည်ဟာ နွမ်းနယ်ပုံ ရပါတယ်။ မိန့်ခွန်းအဆုံး ၂ မိနစ်ကြာ ဩဘာပေးခံရချိန်မှာတော့ ဒေါ်အောင်ဆန်း စုကြည် မျက် နှာမှာ အပြုံးတွေနဲ့ ပြန်လန်းဆန်းလာခဲ့တယ်။

နိုဗဲလ်အခမ်းအနားအပြီး အော်စလိုမြို့တော်ခမ်းမကထွက် အနီးမှာရှိတဲ့ နိုဗဲလ်စင်တာမှာ “ဒီမိုကရေစီ မိခင်”လို့ ခေါင်းတပ်ထားပြီး ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဘဝကို ထင်ဟပ်ထားတဲ့ ဓာတ်ပုံပြပွဲကို ဖွင့်ပေးပြီး နော်ဝေရောက် မြန် မာမိသားစုဝင်တွေကို အားပေး စကား ပြောပါ တယ်။ အဲဒါအပြီး စင်တာအရှေ့မှာ ထိုးထားတဲ့ စင်မြင့်ပေါ်ကနေ နော်ဝေ လူထုကို နှုတ် ခွန်းဆက်ပါတယ်။

“ရှင်တို့ နော်ဝေသားတွေရဲ့ ကရုဏာကြီးမှုကို မြန်မာတွေ ဘယ်လိုမှ မေ့ရတော့မှာ မဟုတ်ဘူး။ မြန်မာ ပြည်ကို လာလည်ကြပါ” လို့ ပြောလိုက် တဲ့အခါ အော်စလိုနိုဗဲလ်စင်တာရှေ့နဲ့ ဂျော့ဆိပ်ကမ်းကြားက ကွက်လပ်မှာ မိုးတစိမ့် စိမ့်ကြားမှာ ထောင်ချီပြီး လာအားပေး သူတွေက သောင်း သောင်း ဖြဖြ ဩဘာ ပေးကြတယ်။

တနင်္ဂနွေနေ့မှာတော့ နော်ဝေ အနောက်တောင်ပိုင်း ဘာဂင်မြို့ကို ခရီးထွက်ပြီး နိုဗဲလ်ဆုမတိုင်ခင် အရင်ချီးမြှင့်ခံရတဲ့ ရပ်ဖ်တို ဖောင်ဒေး ရှင်း က အတွေးအခေါ် လွတ်လပ်မှုဆိုင်ရာဆုကို ဒေါ်အောင်ဆန်းစုကြည် သွားယူပါမယ်။ ဆုယူအပြီး နော်ဝေနဲ့ ဥရောပရောက် မြန်မာ မိသားစု ဝင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

တနင်္လာနေ့မှာ အော်စလိုပြန်လာပြီး အော်စလိုဖိုရမ်တက်၊ ညနေမှာ အိုင်ယာလန်ကို ခရီးဆက်မှာပါ။ ဒဗ္ဗလင်မြို့တော်မှာ နာမည်ကျော် ယူတူး ဂီတပွဲကို တက်ရောက်အားပေးပါမယ်။ အင်္ဂါနေ့မှာ ကျရောက်မယ့် ၆၇ နှစ်ပြည့် မွေးနေ့ပွဲကိုတော့ အင်္ဂလန်မှာ ကျင်းပဖို့ရှိတယ်လို့ သတင်း ရပါ တယ်။

အော်စလိုမြို့တော်ခမ်းမက နိုဗဲလ်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းကိုသာ တွေ့ရပြီး သား ကြီး အဲလက်ဇန်းဒါးကို မတွေ့ရပါ။

No comments: