Sunday, June 17, 2012

ဝမ်ဟိုင်းတွင် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု သင်တန်း ပြုလုပ်

ကော့လီ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် အရာရှိ အရာခံ အကြပ် တပ်သားများ အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ကနေ ပို့ချသင်ကြားပေးခဲ့တဲ့ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်းကို မေလ ၂၉ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး ဇွန်လ ၇ ရက်နေ့က ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီသင်တန်းကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ရဲ့ ဗဟိုဌာနချုပ် အခြေစိုက်ရာ ဝမ်ဟိုင်းမှာ ပြုလုပ်ခဲ့ဖြစ်ပြီး သင်တန်းပို့ချသူ ၅ ဦး ရှိတယ်လို့ သိရပါတယ်။

သင်တန်းမှာ ပို့ချခဲ့တာတွေကတော့ ခေါင်းဆောင်မှုပညာ၊ စီမံခန့်ခွဲမှုပညာ၊ ရုံးအုပ်ချုပ်မှုလုပ်ငန်း၊ တိုင်းရင်းသား လူနည်းစု နိုင်ငံရေး စတဲ့ ဘာ သာရပ်တွေပါပဲ။ သင်တန်းသား ၅၂ ယောက် ရှိပါတယ်။ တပ်ရင်းမှူး အဆင့် ၃ ယောက်ပါတယ်။ တခြား အဆင့် အရာရှိ တွေလည်း ပါ တယ်။ ရုံးလုပ်ငန်း လုပ်နေတဲ့ အကြပ် တပ်သားတွေ အများစုပါပါတယ် လို့ သင်တန်းပို့ချပေးခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် သုတေ သနနှင့် ဖွံ့ဖြိုးရေးဌာနက တာဝန်ရှိသူ တစ်ယောက်က ကော့လီ ကိုပြော ပြပါတယ်။

ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က လူငယ်တွေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီက လူ ငယ်တွေ အကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန် အတွက် ဖြစ်တယ်လို့လည်း အဆိုပါ သင်တန်းပို့ချပေးသူ လူငယ် တစ်ဦးကပဲ ပြောပြ ပါတယ်။

ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ လွတ်မြောက်လာပြီးနောက်၊ ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ အစိုးရ အပစ်ရပ်ပြီးနောက် SNLD နဲ့ SSPP ပ ထမဆုံး လက်တွဲကျင်းပခဲ့တဲ့ သင်တန်းလည်း ဖြစ်ပါတယ်။

No comments: