Sunday, June 17, 2012

ရခိုင် အတွက် အလှူငွေ ကျပ် ၁၀၇၆၇၅၃၇၆ ရရှိပြီ ဖြစ်ကြောင်း အစိုးရကျေညာ

နိရဉ္စရာ

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများကြောင့် အိုးအိမ်ပစ် စွန့်ခွာ ထွက်ပြေးခဲ့ရသူ ဒေသခံ ပြည်သူ များ အတွက် အလှူငွေများကို စေတနာရှင်များက ထည့်ဝင် လှူဒါန်းနေကြရာ ယခုအခါ ကျပ်ငွေ ၁၀၇၆၇၅၃၇၆ ရရှိပြီ ဖြစ်ကြောင်း သတင်း ရ ရှိသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် လူမူဝန်ထမ်းကယ်ဆည်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန မီးသတ် ဦးစီးဌာနမှ အဆိုပါ အလှူ ငွေများကို လက်ခံယူနေရာ စေတနာရှင်များက သွားရောက် လှူဒါန်းနေကြသည်ဟု သိရသည်။

မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူအတွင်းအိုးအိမ်ပစ်စွန့်ခွာထွက်ပြေးခဲ့ရသူအရေအ တွက် မှာ ယခုအခါ လေသောင်းကျော် ရှိလာနေပြီ ဖြစ်ကြောင်းနှင့် သူတို့ အတွက် ရေသန့်၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အိမ်သာများ အရေးပေါ် လိုအပ် နေကြောင်း လူမူ ကယ်ဆည်ရေး လုပ်နေသူများက ပြောသည်။

မိုးရာသီ ဖြစ်သဖြင့် ဒုက္ခသည်အများစုမှာ နေရေး ထိုင်ရေးလည်း အခက်အခဲ ကျရောက် ဖြစ်ပေါ်လျှက် ရှိကြောင်း သိရသည်။

ယနေ့ထွက်ပေါ်လာသော သတင်းအရ ဒုက္ခသည်များ ခိုလုံနေထိုင်ရာ စခန်းများတွင် အိမ်သာ မလုံလောက်မူ၊ သောက်သုံးရေ ကောင်း မွန် စွာ မရရှိမူတို့ကြောင့် ၀မ်းရောဂါနှင့် အသည်းရောင် အသားဝါ ရောဂါများ ဖြစ်ပွားသူ တိုးလာကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ ကူညီမူများ ပြုလုပ်နေသော်လည်း စီမံခန့်ခွဲမူ ညံ့ဖျင်းခြင်း၊ ကယ်ဆယ်ရေး လုပ်သားဝန်ထမ်းများ မလုံ လောက်ခြင်း တို့ကြောင့် အခက်အခဲများ ဖြစ်ပေါ် နေသည်ဟု သိရသည်။

မြန်မာ အစိုးရ၏ ယနေ့ ထုတ်ပြန်ချက်အရ မေလ ၂၈ ရက်မှ ဇွန်လ ၁၄ ရက်နေ့ထိ ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မူ ၇၈ ကြိမ် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၅၀ သေဆုံးကာ ၅၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖေါ်ပြသည်။ မီးရှို့ ဖျက်ဆီးခံရသည့် အိမ်ပေါင်း ၂၂၃၀ လုံးရှိ ကြောင်း ဆိုသည်။

No comments: