Monday, August 20, 2012

ရေတပ် တပ်ကြပ် မောင်ညိုနှင့် အဖွဲ့ ဒေသခံ ရခိုင်လူထုများ အပေါ် ဗိုလ်ကျနေ (ပေးစာ)

နိရဉ္စရာ

မြန်မာ့ ရေတပ်မှ တပ်ကြပ်ကြီးနှင့် တပ်ဖွဲ့ဝင်များ ဗိုလ်ကျအနိုင်ခံနေခြင်းကို သက်ဆိုင်ရာမှ အရေးယူပေး ပါရန် ရိုသေစွာတင် ပြခြင်း

ကျောက်ဖြူမြို့နှင့် (၃၃) မိုင်ဝေးသော ကလန့်တဲ ကျေးရွာ ပိုင်မြေဧက (၅၀)ခန့်ကို လွန်ခဲ သော(၈) နှစ်ခန့်မှ စ၍ ကြက်ဆူ စိုက်ရန် မတရား သိမ်ပိုက်ခဲ့ပြီး ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကလန်.တဲ၊ မူရွင်း၊ ကုန်ဘောင်၊ ကင် အုတ်စု၊ ရမ်းဗြဲ မြို့နယ် လေးတောင် နယ်နှင့် ဇင်း ချောင်းကျေး ရွာအုပ်စုတို့မှ ဒေသခံ ပြည်သူ များမှာ အမျိုးမျိုး အနိုင်ကျင့်ခြင်းကို ခံခဲ့ရ ပါသည်။

လွန်ခဲသော(၂)နှစ်ကျော်မှ ၄င်းကြက်ဆူခြင်းကို မြေပဲ စိုက်ရန် အကြောင်းပြချက်ဖြင့် တပ်ဖွဲ. ၀င်များနှင့် တာဝန်ခံ တပ်ကြပ်ကြီး မောင်ညို တို့မှာ ပတ်ဝန်းကျင် ကျေးရွာများကို ညအချိန် အရက်သေစာ သောက်စားပြီး ကျေးရွာရှိလူငယ်များကိုအနိုင်ကျင်.ရိုက်ပုတ်ခြင်း ကျေးရွင် တွင်း အော်ဟိုက်ဆူပူခြင်း လင်ယောင်္ကျားများ မရှိသော အိမ်များကို ညအချိန် ၀င်ရောက်ခြင်း ပြုလုပ်နေသော်လည်း ရေတပ် တပ်ကြပ် ကြီးမောင် ညိုကို ကြောက်၍ အမှု မတိုင်ဘဲနေကြပါသည်။


ကင်းချောင်းထဲတွင် သွားလာနေကြသော ခရီးသွားစက်လှေများနှင်. ငါးဖမ်းစက်လှေများ ထံမှ မတရားငွေနှင့် ဒီဇယ်ဆီများကို ကောက်ခံ နေ ကြပါသည်။ပျက်ကွက်သောစက်လှေများကိုနည်း စုံနှင့် အနိုင်ကျင့် နေပြီး ဒေသခံများ ကို “မင်း တို့ တိုင်ချင်တဲ့နေရာမှာ တိုင်နိုင်တယ်။ ငါမှာ ရေတပ်ဗိုလ်ချုပ် ရှိတယ် စောက်ဂရု မစိုက် ဘူး” ဆိုပြီး အနိုင်ကျင့် နေသော ကြောင့် ဒေသခံများမှာ သက်ဆိုင်ရာ ရေတပ်ကို အကြိမ် ကြိမ် တိုင်ကြား သော်လည်း တပ်ကြပ်ကြီး မောင်ညိုနှင့် တပ်ဖွဲ.၀င်များမှာ ယနေ့ အချိန်ထိ ရှိနေကြပါ သောကြောင့် ဒေသခံ ပြည်သူများမှာ စိုးရိမ် နေကြပါသည်။

ကျောက်ဖြူမြို့မှ ကင်းကူတိုးဆိပ်သို့ ပြေးဆွဲနေသော မော်တော်ယဉ် ကားသမားများနှင့် မကြာ ခ ဏ စကားများ ရန်ဖြစ်မှုများ ရှိနေသော ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုင်ကြားသော်လည်း၎င်းတပ်ကြပ်ကြီး မောင်ညိုမှာ ဆက်လက်၍ အနိုင်ကျင့် လျှက်ရှိနေသော ကြောင့် သမ္မတကြီး ဦသိန်းစိန်နှင်.ကာကွယ်ဦစီးချုပ် (ရေ)တို့ မှာပြည်သူမျာကို သနားသော အားဖြင့် ကူညီဆောင်ရွက် ပေးနိုင်ပါရန် တင်ပြ လိုက်ခြင်းဖြစ်ပါသည်။

ကင်းသား

ကျောက်ဖြူ

1 comment:

dnrchq77 said...

မောင်ညိုဆိုတာက ကလန်တဲရွာသား ရခိုင်လူမျိုးစစ်စစ်ပါကွာ၊ မိမိဒေသခံလူတွေကို ဒီလုပ်ပါမလား၊ လူတွေကလည်းခက်သား၊ မိမိလုပ်ချင်တိုင်း လုပ်လို့မရရင် ဟိုဌာနဆိုင်တွေကိုအပြစ်မြင်၊ ဒီဌာနဆိုင်ရာ တွေကိုအပြစ်မြင်နဲ့ ကိုယ့်အပြစ်ကိုကျတော့ ပြန်မကြည့်ကြဘူး၊ မောင်ညိုတို့အ ဖွဲ့က အဲဒီဒေသခံရွာမှာ သာရေး၊ နာရေးကအစ ကူညီ ဆောင်ရွက်ပေးနေတာ