Monday, August 13, 2012

ကျောင်းစဖွင့်ချိန်နှစ်လခွဲခန့်ကြာပြီးမှ မောင်တောတွင် ကျောင်းများစတင်ဖွင့်လှစ်နိုင်

ဇင်ကီး

ရခိုင် တွင် ဆူပူအကြမ်းဖက်မှုကြောင့် အခြားမြို့နယ်များတွင် ပိတ်ထား သောကျောင်းများအား ယခင်လမှ ဖွင့်နိုင်ခဲ့သော်လည်း မောင် တော မြို့ရှိ ကျောင်းများကို ယခုလ(၁၃)ရက်နေ့မှ စတင်ကာ ကျောင်း (၇) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောတွင်အထက(၅)ကျောင်း၊ အထက-ခွဲ(၃)ကျောင်း၊ အလက(၈)ကျောင်း၊ အလက-ခွဲ(၂) ကျောင်း၊ အလက- တွဲ(၁)ကျောင်း၊ မူလွန်(၁၇)ကျောင်း၊ အမက(၁၂၃)ကျောင်းရှိရာ ယခုလ(၁၃)နေ့တွင် မြို့ပေါ်အထ က၊ အမက(၁)၊ အမက(၃)၊ အမက(၄)၊ လေးမိုင်အ လက(၂)၊ ကျီးကန်း ပြင် အလကကျောင်းပေါင်း (၇)ကျောင်းတို့ကို ယနေ့တွင်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

စာသင်ချိန်ကိုလည်း ရခိုင်များအားနံနက်ပိုင်း၊ ဘင်္ဂလီများကိုညပိုင်း၊ အ ချိန်ခွဲကာသင်ကြားသွားမည်ဖြစ်ပြီး တက်ရောက်လာသောဘင်္ဂလီ ကျောင်း သားများအား ဆူပူအကြမ်းဖက်မှု မပြုလုပ်ရန် ကတိခံဝန်ချက် လက်မှတ်ထိုးကာ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မောင်တောမှာ ဆူပူအကြမ်းဖက်မှုကြောင့် ကျောင်းဆရာတစ်ဦး အသတ်ခံခဲ့ရတယ်၊ အခြားမြို့တွေက တာဝန်ကျနေတဲ့ ဆရာ၊ဆရာမ တွေ ဆိုရင် ကုလားတွေကို ကြောက်လို့မလာရဲကြတော့ဘူး၊ ကျောင်းတွေအား လုံးကို ဖွင့်နိုင်ဖို့ကလည်း ကျောင်းတိုင်းမှာ လုံးခြုံရေးတွေ အပြည့် အ၀ ရရှိဖို့ လိုတယ် " ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းဖွင့်ပြီး တစ်ပတ်ခန့်အကြာတွင် ရခိုင်ပြည်နယ်၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ် တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်းမြို့နယ်များရှိ စာသင်ကျောင်းအချို့ကို ပိတ်ထားခဲ့ရာ တစ်ချို့ဒေသရှိ ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း အခြေအနေမတည်ငြိမ်မှုများကြောင့် မဖွင့်လှစ်နိုင်သော ကျောင်းများလည်း ရှိနေသေး ကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် အမက(၂၂)ကျောင်း၊ ကျောက်တော်တွင် အမက(၁၅)ကျောင်း၊ ရသေ့တောင်တွင် အမက(၁၀)ကျောင်း၊ ဘူးသီး တောင် တွင် အထက(၂)ကျောင်း၊ အထက-ခွဲ(၁)ကျောင်း၊ အထက- တွဲ(၁)ကျောင်း၊ အလက(၂)ကျောင်း၊ အလက-ခွဲ (၂)ကျောင်း၊ မူ လွန်(၂၂)ကျောင်း၊ အမက(၁၁၃)ကျောင်းဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း သြဂုတ်လ(၇)ရက်နေ့ စာရင်းအရ သိရှိရသည်။

စစ်တွေမြို့နယ်တွင် ဘင်္ဂလီမူဆလင်ကျေးရွာများရှိ ကျောင်းများအား ဖွင့်လှစ်ရန် အစိုးရကလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ၊ဆရာ၊ ဆရာ များ သွားရောက်ခဲ့သော်လည်း ကျောင်းသားများရောက်ရှိမလာခဲ့ကြောင်းကို စစ်တွေပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments: