မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂
လစ်လပ်လျက်ရှိသည့် ဒုသမ္မတ ရာထူးအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (တပ်မတော်ရေ ဦးစီးချုပ်) ဗုဒ္ဓနေ့က ပြည်ထောင်စုလွှတ်တော် တွင် ရွေးချယ်တင်မြောက်လိုက်ပြီ ဖြစ်သည်။
၂၅ ရာခိုင်နှုန်းခွဲတမ်းကျ တပ်မတော်သား လွှတ်တော်အမတ်များ၏ အဆိုတင်သွင်းမှုကို လွှတ်တော်က အတည်ပြုလိုက် သဖြင့် ဒုသမ္မ တဖြစ် လာသူ ဦးဉာဏ်ထွန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်းတဦးဖြစ်ပြီး ဖခင်မှာ ဦးစိန်မောင် ဖြစ်သည်။
ဒုသမ္မတရွေးချယ်တင်မြှောက်ခံရသောအခါ မူလရာထူးကို စွန့်လွှတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တခုအရ ဦးဉာဏ်ထွန်းယ ခင်ရာ ထူးဖြစ်သော တပ်မတော်ရေ ဦးစီးချုပ် ရာထူးမှ အလိုအလျောက် အငြိမ်းစားယူရသည်။
ဒုသမ္မတ ရာထူးအတွက် ဇူလိုင်လ ၁ဝ ရက်နေ့တွင် အပြီးသတ်ရွေးချယ်ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် ထားခဲ့သော်လည်း တ လ ကျော်ကြာသည့် အချိန်တွင်မှ ရွေးချယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဒုသမ္မတနေရာအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မ တော်သား လွှတ်တော် အမတ်များက အမည်စာရင်း တင်သွင်းရန် ရွေးချယ်ခဲ့သည် ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေး သော်လည်း နောက်ပိုင်းတွင် ပျက်ပြယ်သွားခဲ့သည်။ သဘောထားတင်းမာသူဟု သမုတ်ခံရသော ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အကြောင်း ပြချက်ဖြင့် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ ဇူလိုလ ၂ ရက်နေ့တွင်တင် ခဲ့သည်။

No comments:
Post a Comment