ကော့လီ
မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းဝင်း အတွင်းမှာ ဆန္ဒပြခဲ့သူ သုံးဦး အပေါ် စွဲဆိုထားတဲ့အမှုကို ဩဂုတ်လ ၁၄ ရက် နေ့က တရားရုံးသို့ စတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
ကျနော်တို့ သုံးယောက်စလုံး တရားရုံး တက်ခဲ့ရပါတယ်။ ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့တော့ အစွဲမ ခံရတော့ပါဘူး။ ဒါပေမယ့် ပုဒ် ၂၉၆ အမျိုး၊ ဘာသာ၊ သာသနာ ကို နှောက်ယှက် ဖျက်ဆီးမှုနဲ့ ဆက်စွဲထားပါတယ်။ ကျနော်တို့ကို စွဲဆို ထားတဲ့အမှုကို တရားရုံးက လက်ခံစစ်ဆေးမယ်လို့ ပြောပါတယ်။ အခုတော့ ကျနော်တို့ကို အာမခံနဲ့ပဲ ဆက်လွှတ်ထားပါတယ် – လို့ ဆန္ဒပြခဲ့ရာမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ စိုင်းဇင်မင်းအေး က ကော့လီ မီဒီယာကို ပြောပြပါတယ်။
၎င်းတို့သုံးဦးအာမခံရရန်အတွက် လူပုဂ္ဂိုလ် ၆ ဦးက တရားရုံးမှာ အာမခံပေးခဲ့ရပြီး လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှာ အမှုကို ဆက် လက်စစ် ဆေးရန်အတွက် ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။
စိုင်းဇင်မင်းအေး၊ စိုင်းလောင်လျဲန်းဆယ်၊ စိုင်းဆိုင်လှိုင်း တို့သုံးဦးဟာ မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းဝင်းအ တွင်း မှာ “ရှမ်းတိုင်းရင်းသားများအားလုံးကို ကိုယ်စားပြုသော အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက် လာ ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော် ခဲ့ကြပြီး နောက် အသင်းအမှုဆောင်များက အခုလို အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုလို တရားစွဲဆိုမှုဟာ မန္တလေးမြို့ ရှမ်းသာရေးနာရေးအသင်းမြေကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ လက်ထက် မြို့ကွက်သစ် စီမံကိန်းအရ ရရှိရခဲ့ပြီးနောက် မြေအလှူရှင် မိသားစုနဲ့ အသင်း အလုပ်အမှု ဆောင်အဖွဲ့တို့ အကြား မြေပိုင်ဆိုင်ရယူလိုမှုနဲ့ ပတ် သက်လို့ နှစ်ပေါင်းများစွာ ကြာမြင့်အောင် အပြန်အလှန် တရားစွဲဆိုခဲ့ကြပြီးနောက် အသင်းနဲ့ ပတ်သက်လို့ နောက်ထပ်ဖြစ်ပွားခဲ့တဲ့ တရားစွဲ ဆိုမှုတစ်ခုလည်း ဖြစ်ပါတယ်။

No comments:
Post a Comment