Thursday, August 9, 2012

ဆိုင်ကယ်ပေါ်မှ တွန်းချခံရသည့်အတွက် အထက်တန်းကျောင်းသား သေဆုံးမှုကို စတင်စစ်ဆေး

ရိုးမ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ ရဲဒုတပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ပေါ်တွန်းချခဲ့လို့ ဒဿမတန်းကျောင်းသား မောင်ကောင်းဆက် ပိုင် (ခ) တရုတ်ကြီး သေဆုံးမှုကို ပြီးခဲသည့် ၁၊ ၈၊ ၁၂ ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုဖြစ်ပွားပြီး ၇ လကျော်ကြာမှ ရွှေတောင်မြို့နယ်တရားရုံးက ပုဒ်မ ၃၀၄(က)၊ (၃၈၈) တို့ဖြင့် အရေးယူစစ်ဆေးနေခြင်း ဖြစ် သည်။

“၁၊ ၈၊ ၁၂ ရက်နေ့၊ နေ့လည် (၁) နာရီမှာ ကောင်းဆက်ပိုင်ဖခင် ဦးအေးဟုန်ကို စ စစ်ပါတယ်။ ရွှေတောင်မြို့နယ်တရားရုံးမှာ စစ်တာပါ။ သဲ မောင်မောင်ကိုတော့ အာမခံပေးပြီး လွှတ်ထားတုန်းပဲ။ သူ့ကို ဖမ်းတာဆီးတာ မရှိသေး ဘူး” ဟု အမှုကို စောင့်ကြည့်နေသူ မြို့ခံတဦးက ပြောသည်။

ယခုစစ်ဆေးမှုသည် နေ့လည် (၂) နာရီ၊ (၁၅) မိနစ်ပြီးဆုံးသွားပြီး သြဂုတ်လ (၁၅) ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုလိုက်သည်ဟု ကြားသိရ ရကြောင်း သူက ဆက်ပြောသည်။

ပြည်မြို့၊ ရတနာမာန်အောင်ကွက်သစ်၊ ရွာဘဲရပ်ကွက်နေ ဦးအေးဟုန်၊ ဒေါ်ကြည်ကြည်မြင့်တို့၏ ၁၅ နှစ်သားအရွယ် မောင်ကောင်းဆက် ပိုင် (ခ) တရုတ်ကြီးသည် ပြည်မြို့ အမှတ် (၂) ရဲစခန်းမှ ဒုတပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ပေါ်မှ တွန်းချခဲ့သည့်အတွက် ဦးခေါင်း ဒဏ် ရာဖြင့် ပြီးခဲ့သည် (၃၊ ၁၊ ၁၂) ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုအတွက် အမှုဖြစ်ပြီးပြီးချင်း ပြည်မြို့ အမှတ် (၂) ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သော်လည်း စခန်းမှူးဖြစ်သူက အမှုဖွင့် ရေးယူ ပေး ခြင်းမရှိခဲ့ချေ။ ထိုကြောင့် မိသားစုဝင်များက ဌာနဆိုင်ရာအသီးသီးသို့ စာရေးသားတိုင်ကြားခဲ့သည်။ သို့သော် အကြောင်းပြန်ကြားမှု တစုံတ ရာမရရှိခဲ့ပေ။


ထို့နောက် (၂၃၊ ၁၊ ၂၀၁၂) ရက်နေ့တွင် ပြည်မြို့နယ်တရားရုံးသို့ ဦးအေးဟုန်က ဦးတိုက်လျှောက်သည်ကို တရားသူကြီး ဒေါ်အေးမွန်က အမှု ကို လက်ခံခဲ့သော်လည်း အာဏာပိုင်များဘက်က အဂတိလိုက်စားမှုများ

No comments: