မြတ်ကျော်သူ | အင်္ဂါနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၂
ပြည်ထောင်စုအစိုးရ၏ ဒုတိယ သမ္မတသစ် အမည် ကြေညာခြင်းနှင့် ကျမ်းသစ္စာ ဆိုခြင်းကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ထိုနေ့လွှတ်တော် အစီအစဉ်တွင် ပါရှိသည်။
ပြည်ထောင်စု လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင် မြှောက် သည့် ဒု-သမ္မတ၏ အမည် ကြေညာခြင်းနှင့် ၎င်းက ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက် တွင် ကတိသစ္စာပြုခြင်း အစီအစဉ်တို့ကို တပြိုင် နက်တည်း ပြုလုပ်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်း သည် ဒု-သမ္မတသစ်အဖြစ် ရေပန်းစားလျက်ရှိပြီး ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (ကာ ကွယ် ရေးဦးစီးချုပ်-ရေ)၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန် ကြီး ဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း (ကာကွယ်ရေး ဝန်ကြီး ဌာန) တို့မှာ လည်း ဒု-သမ္မတ ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။
ဒု-သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး မှာ ကျန်းမာရေးအကြောင်းပြချက်ဖြင့် မေလဆန်းပိုင်းက နုတ်ထွက် သွားခဲ့သည်။
No comments:
Post a Comment