မင်းသွီး
မလေးရှား နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော ရခိုင်များအား ဘ င်္ဂလီမူဆလင်များ အနိုင်ကျင့်သတ်ဖြတ်သည့် အမှုများ နှင့် ပက်သက် ၍ မလေး ရှားအစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက် စစ်ဆေးခြင်း မရှိ သေးကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်း၏ဂယက်ရိုက် ခတ်မှု့ကြောင့် မ လေးရှားဒေသခံများနှင့် မလေးရှားရှိ ဘင်္ဂလီမူဆလင်များထံမ လေးရှားရောက် ရခိုင်များ အနိုင်ကျင့် သတ်ဖြတ်ခံရမှုများကို မလေးရှား အာ ဏာပိုင်များသို့ တိုင်ကြားထား သော်လည်း ရဲအရာရှိများက ယင်းအမှုများနှင့် ပက်သက်သည့် တရားခံများကို ယခုအချိန်အထိ တစ်စုံ တစ်ရာ အရေးယူ ဆောင်ရွက် မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။
အလုပ်က ပြန်လာချိန်မှာ သတ်ဖြတ်ခံရတာ၊ အခန်းကိုလာပြီး သတ်ဖြတ်ဖို့ကြိုးစားတာတွေ၊ ပြီး တော့ လိုင်းကားပေါ်မှာ အနိုင်ကျင့်ခံကြ ရတာ ကျနော်သိသလောက်ဆို ရခိုင်တိုင်းရင်းသား ၃ဦး သေဆုံးပြီး၊ ၄ဦး ဒဏ်ရာရှိထားပါတယ်။ မလေးမှာ မြန်မာနိုင်ငံသားတွေအတွက် လုံးဝလုံခြုံ မှုမရှိဘူး။ ရဲအာဏာပိုင်တွေကလည်း အခုဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ ပက်သက်လို့ အခု ချိန်ထိတစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးတာ၊နောက် ဒီလိုအမှုတွေ မဖြစ်အောင် တစ်စုံတစ်ရာလုပ်ဆောင်နေတာတွေ ဘာမှမရှိ ဘူး။ အလုပ်ခွင်ထဲမှာဆိုလည်း ကျွန်တော်တို့ကိုဘင်္ဂလီတွေ၊ မလေး တွေက မြန်မာလား၊ ရခိုင်လားဆိုပြီး လာမေးကြတယ်၊ အဲဒီတော့ သူတို့က မြန်မာတွေ၊ ရခိုင်တွေကိုဆိုရင် အနိုင်ကျင့် သတ်ဖြတ်မယ့် သဘော မှာရှိတာပေါ့။ ဒါကြောင့် အလုပ်ခွင်ထဲမှာလည်း ကျနော်တို့ အမြဲတမ်း သတိပြုပြီး စိုးရိမ်စိတ်တွေနဲ့ အလုပ် လုပ်နေရပါတယ်။"ဟု မလေး ရှား ရောက် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သူ ကို ဇော်မိုးက ပြောသည်။
ကိုမင်းမင်းထွန်း ဇွန်လ ၁၁ရက်နေ့ ညနေအလုပ်က ပြန်လာချိန်တွင် သူ့အခန်းသို့ မရောက်ရှိဘဲ ယခုချိန်ထိပျောက်ဆုံးနေကြောင်း၊မလေး ရှား နိုင်ငံ ကိုတာသီဂီမြို့တွင် နေထိုင်ကြသော ကိုအောင်ဇော်မိုး၊ ကိုစိုးချေ၊ ကိုအချောက် ၃ဦးတို့မှာ ဇွန်လ ၁၁ရက်နေ့က ဘင်္ဂလီတစ်စု နှင့်မလေး ရှားဒေသခံများ၏ အနိုင်ကျင့် သတ်ဖြတ်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပြီးတစ်ဦးမှာကိုတာသီဂီဆေးရုံတွင်ဆေးကု သခံ နေရကြောင်း၊ ဇူလိုင်လ ၁၂ရက်နေ့တွင် ကိုလင်းနိုင်ဆိုသူအားဘင်္ဂလီများမှဓါးဖြင့်ခုတ်ရာဦးခေါင်းနောက်စည်းတွင်ဒဏ်ရာရရှိခဲ့ပြီး ကလန်း ဆေးရုံတွင်ဆေး ကုသမှုခံယူနေရကြောင်း၊ ကိုစိုးနိုင်၊ ကိုကျော်သိန်းတို့ နှစ်ဦးသည် ဇူလိုင်လ ၁၈ရက်နေ့အန်ပန်းမြို့နယ်၁၄မိုင်တွင် ဘင်္ဂ လီများနှင့်မလေးရှား ဒေသခံများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီး တောထဲတစ်နေရာတွင် ၄င်းတို့အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရ ကြောင်း၊ ဇူလိုင်လ ၂၈ရက် နေ့ကလိုင်းကားပေါ်တွင်လိုက်ပါလာသောရခိုင်များအားလိုင်းကားပေါ်မှဆွဲချကာရိုက်နှက်မှုများ တစ် ဘက်နှင့် တစ်ဘက် ဖြစ်ပွားခဲ့သေး ကြောင်း သိရှိရသည်။
"အခုဖြစ်ပွားခဲ့တဲ့အမှုတွေဟာ ဘင်္ဂလီတွေ မလေးရှားနိုင်ငံက လူကြမ်းတွေကို ပိုက်ဆံပေးပြီး သူတို့နဲ့ ပူပေါင်းပြီးတော့မှ အနိုင်ကျင့်သတ် ဖြတ် တာတွေပါ၊ မလေးနိုင်ငံသားတွေကိုကဒီအမှုတွေထဲမှာပါဝင်နေလို့ရဲအာဏာပိုင်တွေကလည်း လိုက်လျူရှုထားတာလို့ကျနော်ယူဆမိပါတယ်။ မြန်မာသံရုံးလည်း ဒီအမှုတွေနဲ့ ပက်သက်ပြီးတော့ မလေးအစိုးရဆီ တရားခံတွေကို တစ်စုံတစ်ရာ အရေးယူပေးဖို့ တောင်းဆို တာတွေ လည်း ကျနော်တို့မသိရှိရဘူး။ အရင်ကတည်းက မြန်မာသံရုံးမှာ ဘာဘဲသွားပြောပြော လိုက်လံဖြေရှင်းပေးတာမရှိတော့ ကျ နော်တို့အနေနဲ့လည်း ကိုယ့်နိုင်ငံသံရုံးအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားမိတော့ဘူးဗျာ"ဟု ကိုဇော်မိုးက ဆက်လက်ပြောကြားသည်။
မလေးရှားနိုင်ငံသည် Organisation of Islamic Cooperation အဖွဲ့ဝင် ၅၇နိုင်ငံထဲတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
No comments:
Post a Comment