သဇင်ဥ
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ပဋိပက္ခနှင့် ဆက်နွယ်မှုရှိသူ ဘူးသီး တောင်မြို့တွင် လာဘ်ပး၊ လာဘ်ယူ ခြစားမှုများဖြင့် ချမ်းသာ လာနေသူ ဦးရော်ဖိအား သက်ဆိုင်ရာမှ အရေးယူပေးရန် မြို့ခံမျိုးချစ် လူငယ်များက ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
" သူက ရော်ဖိပါ၊ တစ်ဦးတည်းကိုယ်စားလှယ် ဒီနှစ်နွားသတ်လိုင်စင်ရဖို့ အာဏာပိုင်ကို သိန်း ၇၀၀ ကျပ်ပေးပြီး ယူထားသူပါ၊ အခုသူ ကျပ်သိန်း ၁၀၀၀ ကျော်လောက် ချမ်းသာနေပါပြီ၊ နယ်မြေတစ်ခုလုံး နွားသတ် လိုင်စင်ကိုပြပြီး နွား၊ ကျွဲ၊ ဆိတ်မကျန် ခိုးနေသူ ဖြစ်ပါတယ်၊ ဒေသအာ ဏာပိုင်၊ ဒေသလူဆိုးသူခိုးတွေနဲ့ ပူးပေါင်းပြီး ရာဇ၀တ်တွေကို လည်း ကျူးလွန်မှုတွေ ရှိခဲ့ပါတယ်၊ အရေးအခင်းကို ဖန်တီးခဲ့ သူလို့လည်းသ တင်းတွေ ထွက်ပေါ်နေပါတယ်။ " ဟု ဘူးသီးတောင်မြို့မှ မျိုးချစ်လူ ငယ် များက ပြောသည်။
ဆက်လက်ပြီး " ဇွန် ၈ ရက်နေ့က စတင်တဲ့ အကြမ်းဖက်မှု ၂ လကာလအတွင်း ကျပ်သိန်း ၇၅၀ ကျော်ရရှိသွားပြီလို့သိရပါတယ်၊သူကအထက် တန်း အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကုလားတွေဆီက လာဘ်ငွေစား လွှတ်ပေးခဲ့သူတွေ အများကြီး ရှိတယ်လို့ သိရပါတယ်၊ မောင်တော-ဘူး သီးတောင်မြို့နယ်တွင် တာဝန်ကျခဲ့ကြတဲ့ ရဲခရိုင်မှူးတွေနဲ့ပူးပေါင်းပြီး ဝေမျှစားခဲ့သူ ပါ၊ သူအခုလို ရှိနေသရွေ့ ဒေသခံတိုင်းရင်းသားများ အ နာဂါတ် အန္တရာယ်ရှိလာဖို့ကိုတွေးပြီး အရေးယူဖြစ်အောင် ဖွင့်ချရခြင်းဖြစ် ပါ တယ်။" ဟု ရှင်းပြသည်။
အဆိုပါ ရော်ဖိ(၄၀)နှစ်မှာ ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်တွင် နေထိုင်သူဖြစ်ပြီး ဒေသခံ အာဏာပိုင်များနှင့် ပူးပေါင်းကာ ငွေရှိသူများ ထံ မှ လာဘ်ငွေများယူ၍ လွှတ်ပေးလျက်ရှိပြီး မကျေနပ်သူများအား ဖမ်းဆီးရန် ညွှန်ပြလျက်ရှိနေကြောင်း ဆိုသည်။
လွန်ခဲ့သော ၂၀၀၈ ခုနှစ်က မောင်တောမြို့မှ ပြောင်းရွေ့သွားသော ရဲခရိုင်မှူးနှင့် ကျပ်သိန်း ၅၀၀ ခန့်အချေအတင် ရှိခဲ့ကြောင်း၊ စစ်တွေ မြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်နှင့်လည်း ငွေအချေအတင် လာဘ်ပေးလာဘ်ယူများ ရှိနေကြောင်း၊ ပြောင်းရွေ့သွားသော နစက အောင် ကြီးနှင့် အပေးအယူများရှိခဲ့ကြောင်း၊ နွား-ကျွဲ-လူတို့ကို စီးပွားရေးအရ ဂိုဏ်းဖွဲ့ပြီး ပွဲစားလုပ်နေသူဖြစ်ကြောင်းနှင့် ယခုအခါ ခြစားမှုများဖြင့် ချမ်းသာ လာနေသူဖြစ်ကြောင်း စစ်တပ်သတင်းက အတည်ပြုပြောဆိုသည်။
အဆိုပါ နွားသတ်လိုင်စင်ဖြင့် ဘက်စုံရပ်ကာ ခြစားမှုဖြင့် ငွေချမ်းသာလာနေသူမှာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်ပေါ်လာရန် ဦးစွာ အားပေးအားမြောက်နှင့် ငွေအမြောက်အများ ကူညီပေးခဲ့သူဖြစ်ကြောင်းနှင့် ဘင်္ဂလာမှ မှောင်ခိုစီးပွားရေးသမားကြီးများနှင့် ဆက်နွယ်မှုများ ရှိနေကြောင်း ခိုင်လုံသော သတင်းများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယင်းကဲ့သို့ ငွေလာဘကြီးသူများမှာ ဌာနဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းပြီး နည်းမျိုးစုံဖြင့် လာဘ်ပေးလာဘ် ယူ ခြ စားမှုများအား မျှဝေစားနေကြသူများ အများအပြားရှိနေကြောင်းနှင့် ဇွန် ၈ ရက်နေ့က စတင်သည့် ပဋိပက္ခ ဖြစ်ပေါ်မှုမှ နယ်စပ် ဒေသများ အ တွင်းမှ ခြစားမှုတချို့ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ-စစ်တွေ- တောင်ကုတ်- ရမ်းဗြဲ- သံတွဲ-ဂွ- ဘူးသီးတောင်-မောင်တော- ကျောက်တော်-ပလက်ဝပြည်နယ်နှင့် ဘင်္ဂ လာ- အိန္ဒိယအကြား အရင်းအနှီးအနည်းငယ်ဖြင့် ကူးလူးဆက်ဆံ နေကြသော စီးပွားရေးသမားများမှာ ဒေသအတွင်းအခြေစိုက် နေကြသော အာဏာပိုင်အဆင့်ဆင့်အား လာဘ်ငွေများ အဆမတန်ပေးဆောင်နေရမှုဖြင့် အရင်းအနှီးပြုတ်သွားကြသူများ ရှိကြောင်း လူငယ် မျိုးချစ် များက ဆိုသည်။
သို့သော်လည်း စီးပွားရေးအရ အရင်းအနှီးအများအပြားဖြင့် အာဏာပိုင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေကြသူများမှာ ကြီးပွား နေ ကြ ပြီး မဟုတ်အမှန်အလုပ်များကို လုပ်ဆောင်လာနေကြကြောင်း ပြောသည်။
No comments:
Post a Comment