Tuesday, November 20, 2012

ကျောက်မဲတွင် ဗုံးပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ


နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်အချိန် ကျောက်မဲမြို့နယ် ပကာရွာအနီးမှာ ဗုံး ပေါက်ကွဲတာကြောင့် အသက်သုံးဆယ် အရွယ်ရှိ အမျိုးသ မီး တစ်ဦး ဒဏ် ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

ပကာရွာမှာ နေထိုင်တဲ့ နန်းရွှေဌေး ဟာ ရွာမြောက်ဘက်မှာရှိတဲ့ ခြံစိုက်ခင်း ကိုအသွား နံနက် ၇ နာရီခွဲမှာ အမည်မသိ အဖွဲ့က ထောင်ထားတဲ့ ဗုံးတစ် လုံးကို တိုက်မိပြီး ပေါက်ကွဲသွားတာဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့်နန်း ရွှေဌေး ရဲ့ ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်ပေါင်ကိုထိခိုက်မိပြီးကျောက် မဲမြို့ ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရပါ တယ်။

ကျမတို့ရွာ အနီးအနားမှာ ဗုံးကွဲတာတွေ ဘာတွေ ကြားဖူးတာ မဟုတ်တော့ သတိမထားမိဘူးလေ။ မနေ့ကတောင် ကျမနဲ့ ကျမကလေး ခြံဘက်ကိုသွား သေးတယ်။ အဲဒီတုန်းက ဘာမှ မဖြစ်ဘူး။ - လို့ နန်းရွှေဌေး ကိုယ်တိုင်က ပြောပါတယ်။

ဒဏ်ရာရသူ နန်းရွှေဌေးရဲ့ ဆေးကုသမှု ကုန်ကျစရိတ် အဝဝကို ကျောက်မဲအ ခြေစိုက် အမှတ်(၁)စကခ က တာဝန်ယူထားပြီး အခြားတပ်နဲ့ ဌာနဆိုင်ရာ များကလည်း ငွေ ၅ သောင်းကျော် လာရောက် ထောက်ပံ့ထားတယ်လို့ သိရပါ တယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ပိန္နဲကုန်းကျေးရွာအုပ်စု ပကာကျေးရွာ ဟာ ကျောက်မဲမြို့နဲ့ အရမ်းနီးတာမို့လို့ ပြည်သူများက အထိတ်တလန့်ဖြစ် နေ ပြီး မိမိတို့ စိုက်ခင်းများကို သွားဖို့တောင် မဝံ့မရဲ ဖြစ်နေကြတယ်လို့ ကျောက်မဲမြို့ခံများက ပြောပါတယ်။


ကျောက်မဲမြို့နားမှာ အစိုးရတပ်ကလွဲလို့ ဘယ်လက်နက်ကိုင်တပ်ကမှ အနီးကပ် မလာဖူးဘူး။ အခုဗုံးပေါက်တဲ့ပကာရွာဇောတိကာရုံကျောင်း တိုက်မှာဆိုရင် အစိုးရ စစ်ကြောင်းတွေ ခဏခဏ ညအိပ်တတ်ရဲ့သားနဲ့ အခုလိုဖြစ်တာ အံ့ဩစရာပဲ – လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ပြီး တပ်မတော်ပိုင် သတင်း ဌာနဖြစ်တဲ့ မြဝတီ သတင်းဌာနကတော့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့ရဲ့ လက်ချက်ဖြစ် တယ်လို့ စွပ်စွဲခဲ့ပြီး အက်စ်အက်စ် အေ တပ်ဖွဲ့က ဗိုလ်မှူးကြီးစိုင်းထူး ကတော့ – ကျနော်တို့အနေနဲ့ လူနေရပ်ကွက် ရပ်ရွာအတွင်း တကူး တက ပစ်ခတ်တာ တခါမှ မရှိဖူးဘူး။ အဲလို ဖြစ် လာတဲ့ အခါတိုင်း တိုင်းရင်းသားတပ်ဖွဲ့တွေကိုဘဲ ပုံချတယ်။ ကျနော်တို့က လူထုကို ဘာ ဖြစ်လို့ လုပ်မှာလဲ – ငြင်းဆိုခဲ့ ကြောင်း သျှမ်းသံ တော်ဆင့် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

No comments: