Tuesday, November 20, 2012

သတ္တိမွေးကြရန် ရန်ကုန်တက္ကသိုလ်တွင် အိုဘားမားတိုက်တွန်း

သာလွန်ဇောင်းထက်

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ရောက်ရှိရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး မြန်မာပြည်သူ အနေဖြင့် စစ်မှန်သော တော် လှန် ရေး စိတ်ဓာတ်၊ ပြောင်းလဲလိုသော စိတ်ဓာတ်နှင့် ခေါင်းဆောင် သတ္တိများမွေးမြူကြရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တိုက် တွန်း ပြောဆိုလိုက်သည်။

ယနေ့ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ဖိတ်ကြားခံရသော ပရိသတ်တစ်ထောင်ခန့် တက်ရောက်သည့် အခမ်းအနားတွင် ပြော ကြား သော နာရီဝက်ကြာ သမိုင်းဝင်မိန့်ခွန်းတွင် သမ္မတအိုဘားမားက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တက်ရောက်လာကြ သူများထဲတွင် သီတဂူဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ နာရေးကူညီမှုအသင်းမှဦးကျော်သူ၊ ဦးခွန် ထွန်း ဦးအပါအ၀င် နိုင်ငံရေး၊ လူမှုရေးနယ်ပယ်များမှ ထင်ရှားကျော်ကြားသူများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်း သူများပါ ဝင် သည်။

သမ္မတ အိုဘားမား၏မိန့်ခွန်းကို ပြည်တွင်း ပြည်ပ ရုပ်သံသတင်းဌာနများကလည်း တိုက်ရိုက်ထုတ်လွှင့်ကြရာ မြန်မာပြည်တွင်းသာမက နယ် စပ်တနံတလျားနှင့် ပြည်ပရောက် မြန်မာများကလည်း ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မိန့်ခွန်းတွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံတွင် အပြောင်းအလဲများဖြစ်ပေါ်နေသော်လည်း လွတ်ရက်ကို မျှော်လင့်နေကြ သည့် ယုံကြည်ချက်အကျဉ်းသားများ၊ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြသော ဒုက္ခသည်များ၊လျှပ်စစ်မီးမရရှိကြသူများမရေမတွက် နိုင်အောင် ရှိနေဆဲဖြစ်ကြောင်း၊ လွတ်လပ်မှုအတိမ်အနက်ကို ရရှိဆုံးဖြတ်ပေးမည့် မြန်မာပြည်သူပြည်သားများက ဆုံးဖြတ်ပေးလိမ့်မည် ဖြစ် သည့်အ တွက် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်၊ ပြုပြင်ပြောင်းလဲလိုသော စိတ်ဓာတ်နှင့် ခေါင်းဆောင် သတ္တိမျိုးမွေးကြရန် တိုက် တွန်း သည်။

“စိန်ခေါ်ချက်တွေ အများကြီးရှိနေပေမယ့် အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါ တယ်။ နောက်ဆုံးကျရင် ရလာမယ့် လွတ် လပ်မှုအတိမ်အနက်ကို အဆုံးအဖြတ်ပေးရမှာက မြန်မာပြည်သူတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တဦးချင်စီတိုင်းမှာကို စစ်မှန်တဲ့တော်လှန်ရေး၊ ပြောင်းလဲလိုစိတ်တွေ စမွေးမြူပေးဖို့လိုပါတယ်။ ဒီနေရာမှာ ရှေ့က ခေါင်းဆောင်တွေပြခဲ့တဲ့ သတ္တိမျိုးရှိဖို့လိုပါတယ်” ဟု အိုဘားမားက ဆိုသည်။

မြန်မာနိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲလိုသူများကို ခုခံတိုက်ခိုက်လိုသော သဘောထားတင်းမာသူများရှိလာနိုင် သော်လည်း အပြောင်းအ လဲ များသည် နောက်ပြန်လှည့်၍ မရနိုင်တော့ကြောင်း၊ မြန်မာ့ပြောင်းလဲမှုသည် ကမ္ဘာ့အသိုင်းအ၀ိုင်းအတွက် နမူနာကောင်းဖြစ်လာနိုင် ကြောင်း၊ မြန်မာဒီမိုကရေစီလမ်းကြောင်းသည် အစသာရှိသေးကြောင်းလည်း သမ္မတအိုဘားမားက ဆိုသည်။

“လာမယ့် ရှေ့ခရီးလမ်းမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပါတယ်။ အပြောင်းအလဲလုပ်လိုသူတွေကို ခုခံဆန့်ကျင်မယ့်သူတွေရှိလာမှာပါ။ ဒါပေ မယ့်ယုံကြည်မှု အပြည်နဲ့ မြန်မာပြည်သူတွေနဲ့ ကျနော် ရပ်တည်နေပါတယ်။ ဒီနိုင်ငံမှာ ရွေ့လျားမှုတွေ၊ လှုပ်ရှားမှုတွေ စတင်နေပါပြီ။ နောက် ပြန်ဆွဲလို့မရနိုင်ပါဘူး။ ပြည်သူတွေရဲ့စိတ်အင်အားနဲ့ ဒီနိုင်ငံကို တိုးတက်အောင်လုပ် ယူ ပြီး ကမ္ဘာကြီးအတွက်လည်း အတုယူစရာ သင်ခန်း စာဖြစ်သွားလိမ့်မယ်။ ခရီးလမ်းကြီးက ရှည်ပါသေးတယ်။ ဆက်လျှောက်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအတွက် ဒီမိုကရေစီနှင့်ထိုက်တန်သော အခွင့်အရေးနှင့် အနာဂတ်များကို ပိုင် ဆိုင်စေ လိုကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ဆာနေသော ဗိုက်၊ ဟာနေသော ၀မ်းကို ဖြည့်ပေးရုံမျှမဟုတ်ဘဲ လူထု၏ ကြွယ်ဝမှုအတွက် လူထုတင် မြှောက် ထားသော အစိုးရက လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

“မြန်မာပြည်သူတွေ လှမ်းကိုင်ရမယ့် အနာဂတ်။ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတဦး တည်း ရှိနေရင်တောင်မှ များလှပါပြီဆိုတဲ့ အနာ ဂတ်။ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုလို့ ခိုင်မာအားရှိတဲ့အနာဂတ်၊ တာဝန်ခံတဲ့ အစိုး ရတွေ၊ဘယ် ကလေးမှ စစ်သားမလုပ်ရ၊ ဘယ်အမျိုးသမီးမှ ခေါင်းပုံမဖြတ်ခံရတဲ့ အနာဂတ်၊ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အနာ ဂတ်၊ အရပ်သားများရဲ့ လက်အောက်မှာ အလုပ်အကျွေးပြုနေတဲ့ တပ်မတော်ကသာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာစေတဲ့ အနာဂတ်၊ လူထုက ရွေးကောက် တင်မြှောက်လိုက်သူများ ကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံချက်ပေးတဲ့ အနာဂတ်ကို ဆိုလိုပါတယ်” ဟု သမ္မတအိုဘားမားက ဆိုသည်။

တိုင်းရင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ အတူတကွ ပါဝင်တက်ရောက်ခဲ့သည့် အခမ်းအနားတွင် အမေရိကန်သမ္မတက တိုင်းပြည် ဒီမိုကရေစီအရေး ချီတက်ရာတွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အရေးကြီးပြီး အမျိုး သား ပြန်လည်သင့်မြတ်ရေးမရှိလျှင် ပြုပြင်ပြောင်းလဲရေး အောင်မြင်မည်မဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးအတွက် ထူး ခြား သော အခွင့်အလမ်းများ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်သော စစ်ပွဲများကြောင့် မရေမတွက်နိုင်သော လူ့အသက်များစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း ပြောသည်။

“အမျိုးသား ပြန်လည်သင့်မြတ်မှု မရှိဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး” ဟု သမ္မတအိုဘားမားက ပြောဆိုသောအခါ ပရိ သတ်က ဩဘာပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အရေးကိစ္စကို ထည့်သွင်းပြောကြားရာတွင် ယခင်စစ်အစိုးရ၏ တရားလွန် ညှင်းပန်းနှိပ်စက်မှုများနှင့်ဆက်စပ်နေပြီး သမ္မတ ဦး သိန်းစိန်အစိုးရ၏ လုပ်ဆောင်ချက်များကို ကြိုဆိုပါကြောင်း၊ ရိုဟင်ဂျာများကို လူသားအဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး လူ့ဂုဏ်သိ က္ခာဖြင့် ရပ်တည်ခွင့်ပေးရမည် ဖြစ်ကြောင်း၊ မတူကွဲပြားခြားနားမှုသည် နိုင်ငံအတွက်အင်အားဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအကြား ပြန်လည်ရင်ကြားစေ့ရေး အချိန်ယူရမည်ဟု ပြောဆိုသွားသေးသည်။

“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေ ဆက်လက်ဖြစ်နိုင်မယ့် အန္တ ရာယ်ကိုမြင်နေရပါတယ်။ ရခိုင် တိုင်း ရင်း သားများအပါအ၀င် ဒီပြည်နယ်လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန် ညှင်းပန်းနှိပ်စက်မှု ဒဏ်ကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ ကြရပါ တယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း ခင်ဗျားတို့လို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့ သူတို့ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေးအတွက် အချိန် ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျ နော့်တို့ အား လုံးရဲ့ လူသားဖြစ်တည်မှုအတွက် ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှု တွေကို ရပ်တန်းက ရပ်ဖို့ အချိန်တန်ပါပြီ” ဟု အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး လူမည်းသမ္မ တ က ဆော်ဩခဲ့သည်။

နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မြန်မာစစ်တပ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းကိုလည်း မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းလျှောက် လှမ်း ရာတွင် မြန်မာစစ်တပ်ကို လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်စေရေး ကူညီသွားမည်ဖြစ်ပြီး ဒီမိုကရေစီစ နစ် တွင် တပ်မတော်သည် အရပ်သားထိန်းချုပ်မှု အောက်တွင်ရှိနေပြီး သမ္မတမှအစ ဆင်းရဲသားအဆုံး တရားဥပဒေကို လိုက်နာကြရ သည်ဟုရှင်း လင်း ပြောဆိုသည်။

“ဒီမိုကရေစီခရီးကို ချီတက်ရာမှာ အရပ်သား လူ့အဖွဲ့အစည်းကို အားရှိလာအောင် ကျနော်တို့ ကူ ညီထောက်ပံ့မှု အသုံးပြုပြီးတော့သော် လည်းကောင်း၊ တပ်မတော်ကိုလည်း စည်းစနစ်ကောင်းတဲ့ ပရော်ဖက်ရှင်နယ် တပ်ဖြစ်အောင် ပြု လုပ်ပြီး လူ့အခွင့်အရေးများ လိုက်နာ လေ့ကျင့်ခြင်းဖြင့်လည်းကောင်း၊ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးရောက်ရေးမှာ စီးပွားရေးနဲ့ချိတ်ဆက်တဲ့ အကျိုးဆက်တွေကို ဖော် ဆောင်ပေးခြင်းဖြင့် လည်းကောင်း အမေရိကန်နိုင်ငံက ဒီလမ်းကြောင်း ဖော်ဆောင်ရေးကို ကူညီသွားမှာပါ´ ဟု အိုဘားမားက ဆိုသည်။

မြန်မာနိုင်ငံအဖို့ “ကနဦးသစ်၏ အင်အား”ကို ကမ္ဘာကိုပြရန် အခွင့်အခါသင့်ပြီဟု တိုက် တွန်းပြောကြားရင်း မြန်မာလို “မဂ်လာပါ”ဟု အစချီ ပြီး “ကျေးဇူးတင်ပါတယ်”ဟု မိန့်ခွန်းကို အဆုံးမသတ်မီ “ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။ ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်” ဟု ကိုယ်ပိုင်ဘဝနှင့် နိုင်ငံသမိုင်းတို့နှင့် ယှဉ်၍ ပြောကြားသွားခဲ့သည်။

No comments: