Friday, October 31, 2014

ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ သစ်ပင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး

ဖြိုးဝေလင်း

ရန်ကုန်-ပြည် အဝေးပြေးလမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိ သစ်ပင်ကို ဝင်တိုက်မိသဖြင့် အသက် (၁၆)နှစ်အရွယ် လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု အောက်တို ဘာလ ၂၁ ရက်၊ ည ၁၁ နာရီဝန်းကျင်က မှော်ဘီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး က သတင်းထုတ်ပြန် ထားသည်။

ဖြစ်ပွားပုံမှာ ရန်ကုန်-ပြည် အဝေးပြေးလမ်းမအတိုင်း ထောက်ကြန့်ဘက်မှ မှော်ဘီဘက်သို့ မင်းသိန်းကျော် အသက် (၁၆)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်သည် မိုင်တိုင်၂၉/၃ အနီးသို့အရောက်တွင် အရှိန်လွန် ကာ လမ်းဘေးရှိသစ်ပင်ကို ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ မင်းသိန်းကျော်တွင် နားထင်ချိုင့်ဝင်ကာ သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် ထိုင်စီးလာသည့် မိုးကျော်၏ ဦးခေါင်း၊လည်ပင်းနှင့် ခြေထောက်တို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် မိုးကျော်ကို မှော်ဘီဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပြောင်းလဲကုသနေသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မင်းသိန်းကျော်ကို မှော်ဘီမြို့မရဲစခန်း က ယာဉ်(ပ) ၇၁/၂၀၁၄၊ ပြစ် မှုပုဒ်မ ၃၀၄-က/၃၃၈/ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။

No comments: