မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ်တွင်းသို့ အာဏာပိုင်များ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
“ကျနော် ကွန်ဖန်း မလုပ်နိုင်သေးဘူး။ လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်က အာဏာပိုင်တွေက အိမ်ထဲကို ဝင်သွားတယ်။ လူတွေကလည်း အိမ်ရှေ့မှာ စောင့်နေတယ်။ ဒီလောက်ဘဲ သိသေးတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
အသက် ၈၄ နှစ် ဦးတင်ဦးသည် ယနေ့တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ် ကုန်ဆုံးပြီ ဖြစ်သဖြင့် စစ်အစိုးရက လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အန်အယ်ဒီအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အတူ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် စစ်အစိုးရ လက်ကိုင်ဒုတ် လူအုပ်စုကြီး၏ ဝိုင်းဝန်းရိုက်နှက်ခြင်း ခံခဲ့ရကာ ဖမ်းဆီးခဲ့သည်။
No comments:
Post a Comment