Wednesday, November 10, 2010

အတွင်းဝင်တိုက်မည့်သူများအကြောင်း အတင်းပြောကြည့်မိ

စစ်ပွဲအစစ်ဆိုလည်းကောင်းသား…

ကိုယ့်အလောင်းသူများကောက်မယ်
ပြီးရင် အလံလွှမ်းမယ်
ပြန်တမ်းဖတ်မယ်
သေနတ်စိုက် ဆလုရိုက်မယ်
ဗလာကျည်တုနဲ့ ဂုဏ်ပြုတော့ခံရဦးမယ်..။


သူ့လောက် မရဲမကောင်းလို့ပါဆိုပြီး...

ဖဲကြိုးတပ်သတ္ထုပြားကို
ရင်ဘတ် ဒါမှမဟုတ် နံရံမှာကပ်ပေးမယ်

ကတ္ထူချပ်အက္ခရာထွင်း မှန်ဘောင်သွင်းပြီး
ဧည့်ခန်းဆောင်မှာထောင်ပေးမယ်

ကံကောင်းရင်
ငွေ- စက္ကူလေးဘာလေး
မျှော်လင့်လို့ရသေးတယ်

ဆောင်းဘောက်စ်နဲ့စာရွက်ပေါ်မှာ
နာမည်ခေါ်သံတော့ကြားရဦးမယ်
(ကာလတခုထိပေါ့လေ)

လက်တွေ့မှာ
ကျည်သင့်တာရော
ဝိညဉ်လွင့်တာရော အမှန်ပဲ

ပြသနာက
လေ့ကျင့်ရေးသေနတ်နဲ့
ဂုဏ်ပြုတပ်ဖွဲ့မှာ ဝင်တိုက်ပေးမယ့်သူ
စစ်ကူစောင့်ရင်းဖြစ်ရတာဆိုတော့....


မျိုးမြင့်ချို

No comments: