ခိုနုမ်းထုန်သတင်း၊ ၀၄ နိုဝင်ဘာ ၂၀၁၀
ချင်းပြည်နယ်ထန်တလန်မြို့နယ်မဲဆန္ဒနယ်မြေမှ ယူအက်စ်ဒီပီ ကိုယ်စားလှယ်လောင်း ပူးငွန်ဟရမ်းက ချင်းအမျိုးသားပါတီ
ကိုယ်စားလှယ်များအား ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။ပြီးခဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပူး ငွန်ဟရမ်းသည် ၄င်းမဲဆန္ဒနယ်အတွင်း တလန်လိုရွာ လူထု စည်းရုံး ရေး တွင် ချင်းအမျိုးသား ပါတီကိုယ်စားလှယ်များအနေဖြင့် ယူအက်စ်ဒီပီ ကိုယ်စားလှယ်တွေကို ပုဂ္ဂိုလ် ရေး ထိခိုက်အောင် စည်းရုံးဟောပြောနေသည့်အပေါ် အထူးသတိထားသင့်သည်ဟု ပြောဆိုသွား ခြင်းဖြစ် သည်။
” နိုဝင်ဘာ ၇ ရက်နေ့ ကနေ နောက်နှစ်ဖေဖေါ်ဝါရီလ ၇ ရက်နေ့အထိ ချင်းအမျိုးသားပါတီတွေ ဘာဖြစ်လာ မည်ဆိုတာ ကို ပြည်သူတွေ သိလာလိမ့်မည်၊ စောင့်နေကြလို့ ပူး ငွန်ဟရမ်းက ပြောသွားတယ် ” ဟု တလန်လို ရွာသား တဦးက ပြော သည်။ အသေးစိပ်ကိုမူ ပြောမပြကြောင်း ဆက်လက်သိရသည်။
အဆိုပါ လူထုစည်းရုံးဟောပြောမှုတွင် ပူး ငွန်ဟရမ်းသည် ချင်းအမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း ပီးဇာတလဲမ်၏ ပုဂ္ဂိုလ်ရေးကို ထိခိုက်ပြောဆိုသွားသည်ဟု သတင်းရရှိသည်။
၎င်းကိစ္စနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားပါတီဝင်တဦးက” မိမိတို့ဟာ မိမိတို့ပေါ်လစီကိုသာ လူထုထံချပြတယ်၊ မိမိတို့ ကိုယ်စားလှယ် ပီးဇာတလဲမ်ဟာ အထက်တန်းပြဆရာမ မဟုတ်ပဲနဲ့ အထက်တန်းပြဆရာလို့ စီအဲန်ပီတွေက လိမ်ပြောကြ တယ်လို့ ပူး ငွန်ဟရမ်းကပဲပြောတာ” ဟု ပြောပြသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ အပိုဒ် (၈) မှာ လူမျိုးရေး (၀ါ) ဘာသာရေး (၀ါ) လူတစ်ဦးတည်း (၀ါ) လူများနဲ့ ပတ်သက်၍ ပဋိပက္ခဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ စည်းရုံးလှုံ့ဆော်မှုမပြုရဟု ဖော်ပြထားပြီး အပိုဒ် (၁၂) မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စား လှယ်များသည် ဤကြေငြာချက်ပါ တစ်ရပ်ရပ်ကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရ လိမ့်မည်လို့ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင်ဖော်ပြထား
သည်။
ယူအက်စ်ဒီပီကိုယ်စားလှယ်များသည် ၄င်းတို့ပါတီအနေဖြင့် ပေါ်လာမည့် နိုင်ငံတော်အနာဂါတ် အုပ်ချုပ်ရေး အတွက် ပြင်ဆင်မှုတွေလုပ်ထားပြီးဖြစ်သည်ဟု ဟောပြောနေကြကြောင်း ပြည်သူထံမှ သိရသည်။
ထန်တလန်မြို့နယ်မဲဆန္ဒနယ်တွင် ပြည်နယ်ကိုယ်စားလောင်းများအဖြစ် ယူအက်စ်ဒီပီ ပါတီမှ ငွန်ဟရမ်း၊ ချင်းအမျိုး သား ပါတီမှ ပီး ဇာတလဲမ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပူး လျန်တျာလ်တို့ ၀င်ရောက် ယှဉ်ပြိုင်သွားကြ မည်ဖြစ် သည်။-
No comments:
Post a Comment