KNG
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ကြံ့ဖွံ့ပါတီမှမသမာမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
ဖားကန့်မြို့နယ် လုံခင်းမြို့နယ်ခွဲမဲရုံအမှတ် ၈၇တွင်ကြံ့ဖွံ့ပါတီဝင် ဒေါ်သင်းသင်းနွယ်သည် မဲရုံစဖွင့်ချိန် မကြာခင်မဲရုံထဲဝင်၍ မဲလာပေးသူများအား သူမစိတ်ကြိုက်မဲခြစ်ပုံခြစ်နည်းနှင့် မဲပေးပုံပေးနည်းပြပေးနေသည် ဟုမြင်တွေ့ခဲ့ရသူဒေသခံတစ်ဦးပြောသည်။
ဤသို့သူမလုပ်ဆောင်နေခြင်းအား ရုံးချုပ်နှင့်မဲရုံကော်မရှင်ထံ တိုင်ကြားသော်လည်း မဲရုံကော်မရှင်မှ အရေးမယူနိုင်သည့်အပြင် နောက်ထပ် သူမထပ်မံရောက်ရှိလာသည်ကိုလည်း ကော်မရှင်မှ မည်သို့မျှ ပြောဆိုခွင့်မရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည့်ဒေသခံတစ်ဦးယခုလိုပြောသည်။
“မနက်ပိုင်းတုန်းက အရင်ဆုံးလာသွားတယ်။ လာသွားပြီးတော့မှ အဲလိုပဲကြိုက်သလို လာပြီးမဲပေးတဲ့သူတွေကိုလည်း ဒီလိုပေး၊ဟိုလိုပေး၊ အဲလိုကြည့်ပြီးလုပ်တယ်၊ သူတို့လွှမ်းမိုးနိုင်တဲ့သူတွေကိုပေါ့နော။ အဲလိုလုပ်သွားတယ် ၊ပြီးတော့ နေ့လည်တစ်ခေါက်ပြန်လာတယ်၊ ပြန်လာပြီးတော့ပေါ့နော၊ အဲလိုပဲလာပြီးတော့ ခပ်တည်တည်ပဲ မဲစာရွက် တွေကိုပေါ့နော၊ မဲ၅၀စာထုတ်တာ၊ အဲလိုမျိုးတွေပေါ့၊ တစ်ယောက်ထဲစာမဟုတ်ပဲနဲ့ များများထုတ်ပြီးတော့ သူကအဲလိုပဲ သူကိုယ်တိုင်ပေးတာ။”
တစ်ဆက်တည်းမှာပင် ကြံ့ခိုင်ရေးပါတီဝင်ဦးထွန်းအောင်ကျော်သည်လည်း မဲရုံထဲမှမဲ၅၀ကျော်ယူသွားပြီး သူကိုယ်တိုင်မဲခြစ်ပေးနေသည် ဟုဒေသခံတစ်ဦးပြောသည်။
ယခုကဲ့သို့ ကြံ့ဖွံ့ပါတီမှမသမာမှု လုပ်ဆောင်နေသည်ကို NDFပါတီကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ဖားကန့်မြို့နယ်ကော်မရှင်ရုံးမှ ဒေါက်တာသိန်းဟန်အားတိုင်ကြားရာ ယင်းသို့လုပ်ဆောင်မှုအား မှတ်တမ်းလုပ်ထားပေးကြောင်း သူမအားပြောလိုက်သည်ဟု ဒေါ်ဘောက်ဂျာကပြောသည်။
ဖားကန့်မြို့နယ်တွင် မဲရုံ၁၀၁ခုရှိပြီးအလုပ်သမား ဝန်ထမ်းတစ်ထောင်ကျော်ရှိသည့် ကုမ္မဏီအသီးသီးတွင် လည်းမဲရုံ၁၇ခုထားရှိပါသည်။
ဂွေခါကျေးရွာရှိ မဲရုံအမှတ် ၉၃၊ မြန်မာတစ်ကောင်းကုမ္မဏီ၌ လည်းကြံ့ဖွံ့ပါတီအားမထည့်မနေ ထည့်ရမည်ဟု သူဌေးကိုယ်တိုင် ကြံ့ခိုင်ရေးပါတီအားမဲ ထည့်ပေးလိုက်ပါသည်။
မြစ်ကြီးနားမြို့၌လည်း ကြံ့ဖွံ့ပါတီမှ အချို့မဲရုံများတွင် ၎င်းတို့တံဆိပ်ပါအင်္ကျီ၊ ဦးထုပ်များဆောင်း ကာမဲရုံ ပတ်ဝန်:ကျင်မှာ စုရုံးနေကြသည်။ ဒူကထောင်၊ ရွှေစက်၊ သီတာ၊ တပ်ကုန်ရပ်ကွက်ရှိမဲရုံများတွင်လည်း ထို့အတူဝိုင်း အုံနေကြသည်။
ဗန်းမော်မြို့နယ်တွင် မဲရုံ၅၄ခုရှိကာလက်ရှိတွင် ကြံ့ဖွံ့ပါတီခွဲစည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ-ကချင်ပြည်နယ်က မဲရုံ၆ခုမှာအပြတ်အသတ် အနိုင်ရရှိနေကြောင်းပါတီ ကိုယ်စားလှယ်ဦးဖောင်လားဂမ်ဖန်ပြောသည်။
ဗန်းမော်မြို့နယ် လွယ်ဂျယ်တွင် မဲရုံအားစစ်သား ၃၀ ကျော်စောင့်ကြပ်ကာ မဲပေးလာသူပြည်သူများအား တစ်ဦးချင်းစီစစ်ဆေး ကာမဲပေးစေကြောင်းသိရသည်။ ဖောက်ခွဲရေး လက်နက်ခဲယမ်း ပါ မပါ စစ်ဆေးခြင်း ဖြစ်သည်ဟုဒေသခံများပြောသည်။
၎င်းမဲရုံမဲစာရင်းတွင် ၈၀၀ ကျော်ရှိသော်လည်းယနေ့ ၃၀၀ ကျော်သာမဲလာပေးကြကြောင်းသိရသည်။
No comments:
Post a Comment