ခိုနုမ်းထုန်သတင်း၊ ၁၂ နိုဝင်ဘာလ ၂၀၁၀
ချင်းပြည်နယ်၊ မတူပီမြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့ကိုယ်စားလှယ်ဖြင့် အရွေးခံရသူ ဒေါက်တာရိုအုပ်သည် ၄င်း မဲဆန္ဒနယ် အတွင်း ဒေသခံများအား ကျပ်ငွေ သိန်း ၂၀ ဂတိဖြင့် အနိုင်မဲရရှိသွားကြောင်း ဒေသခံများကဆိုသည်။
အောက်တိုဘာလတုန်းက လိုင်လင်းပီရွာသားတွေကို စည်းရုံးရာတွင် ရွာသားများက သိန်း ၂၀ ကျပ် ပေးပါက မဲပေးမည်ဟု တောင်းဆိုခဲ့ခြင်းကြောင့် လိုင်လင်းပီရွာတွင် မဲ ၈၀၀ ခန့်ရသွားကြောင်း သိန်း ၂၀ ဒေသခံများ ရရှိခြင်းရှိမရှိကိုမူ မသိရ သေးကြောင်း ပြောကြသည်။
“လိုင်လင်းပီထဲမကဘူး၊ စခိုင်း၊ ဆဘောင်းပီ၊ ဆဘောင်းသဲ စတဲ့ မတူပီမြို့နယ် မရာဒေသ ရွာကြီးတွေကိုလည်း ဂတိခံ ထားတယ် ဟု ဒေသခံပြည်သူ တဦးက ပြောသည်။ အသေးစိပ်ကိုမူ မသိရပေ။
ထို့အပြင် ရွေးကောက်ပွဲကာလတွင် မတူပီမြို့နယ်၊ လေရိန်းရွာနှင့် အောက်လားရွာရှိ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များသည် မဲဆန္ဒရှင်များ
ဘုရားကျောင်းသွားနိုင်ရေးအကြောင်းပြပြီး ၄င်းတို့၏ မဲပြားများကို ယူကာ ကိုယ်စားမဲပေးခဲ့ကြောင်း သိရ သည်။
“အဲဒီကိစ္စ ကော်မရှင်ကို သွားပြောတယ်၊ ဒါပေမဲ့ ကော်မရှင်က နောက်မှ ရှင်းပေးမယ်လို့ပဲပြောကြတယ်၊ ရှင်းလဲမပေး ဘူး” ဟု အဲန်ဒီအက်ဖ်
ပါတီဝင်တဦး က ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အတွက် အဲန်ဒီအက်ဖ်ကိုယ်စားလှယ်ဦးရွှေထန်းက ၅၉၀၀မဲ ၊ ယူအက်စ်ဒီပီ
ကိုယ်စားလှယ်ဒေါက်တာရိုအုပ်က ၃၇၄၃ မဲ ရကြသော်လည်း ကြိုတင်မဲ ၂၃၅၀ ကြောင့် ဦးရွှေထန်း ရှူံးသွားခြင်းဖြစ် ကြောင်း ၀န်ထမ်းတဦးက ဆိုသည်။
” ကြိုတင်မဲပြားက ယူအက်စ်ဒီပီမဲဖြစ်သွားလို့ပါ” ဟု အဆိုပါဝန်ထမ်းက ပြောသည်။
၎င်းကိစ္စနှင့် ပါတ်သက်ပြီး ရယက ဥက္ကဌ တဦးက “ကျတော်တို့ ရလာတဲ့ အခွင့်အရေးကို အသုံးမချတတ်ဘူး၊ ပေါ်တာ ဆက်ထမ်းကြအုံးမှာပေါ့” ဟု ငြိးငြူပြောဆိုသွားသည်။
No comments:
Post a Comment