ဆိုင်းဂျာ/KNG
ကချင်ပြည်နယ် ကားမိုင်းမြို့နယ်၊ ဖားကန့် ကျောက်စိမ်းမှော်သွားလမ်း ကထန်ယန်တံတားကျိုးအနီးမှာ အဖြူရောင်၊ မွဲခြောက်နေတဲ့ နီညှိရောင်ကား အစီး ၈၀ကျော် တန်းစီနေပါတယ်။ လူတွေ ပွဲလာကြသလို စည်ကားသိုက်မြိုက်နေပါတယ်။
လမ်းတစ်ဖက်တစ်ချက်စီမှာလည်း ဈေးဆိုင်တန်းတွေ၊ ခေါက်ဆွဲဆိုင်၊ ဘီယာဆိုင်တွေ ရောင်းချနေကြပါတယ်။
အခုလို စည်ကားနေတာဟာ နိုဝင်ဘာလ ၃ရက်နေ့က ကထန်ယန်ကျေးရွာရှိ ဆွေးမြေ့နေတဲ့ ကထန်ယန် တံတား ကျိုးပျက်သွားတာကြောင့်ဖြစ်ပါတယ်။ တံတားမှာ ကုန်တင် ၁၀ဘိန်းကား ဖြတ်လာတာကြောင့် ပျက်ဆီးခဲ့ရကာ အဲဒီကုန်တင်ကားမှာ ခုထိချောင်းထဲမှာ ရှိနေပါသေးတယ်။
တံတားကျိုးတာ တစ်လပင်မကြာသေးသော်လည်း ဒေသခံများ စီးပွားရေး ဖြစ်ထွန်းကောင်းမွန်နေကြပါတယ်။
ဈေးရောင်းခြင်း၊ ကုန်တင်အထမ်းသမား အလုပ်များပင် မကသေး ဒေသခံ အမျိုးသမီးပျိုများနှင့် ကျောင်းတက်နေတဲ့ ကျောင်းသူတွေ ပြည့်တန်ဆာ အလုပ်များဖြင့် စီးပွားဖြစ် ငွေရှာနေကြပါတယ်။
ထွယ်ဆန်ယန်ရပ်ကွက်၊ ကထန်ယန်ရပ်ကွက်၊ လွယ်ဆန်ရပ်ကွက်၊ ကောင်ရာရပ်ကွက်၊ မဂျီရပ်ကွက်၊ မြစိမ်းအောင်ရပ်ကွက် စသည့်ရပ်ကွက်များတွင်နေထိုင်တဲ့ အမျိုးသမီးအများစုမှာ ဝမ်းစာအခတ်အခဲကြောင့် ငွေလွယ်လင့်တကူရရှိတဲ့ နည်းလမ်းဖြင့် ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေကြရပါတယ်။ တခဏတာ ပျက်စီးနေသည့် တံတားကားလမ်းမကြောင့် တခဏတာ အလုပ်ကို လုပ်ကိုင်နေကြပါတယ်။
“မိဘတွေကလည်း ဘယ်ပြောရက်ပါ့မလဲ၊ ပိုက်ဆံရလို့ လုပ်တာလို့ ပြောနေကြတယ်” ဟု ဒေသခံတစ်ဦးမှ စိတ်ပျက်နေသည့် လေသံဖြင့် ပြောဆိုနေပါတယ်။
အခုလိုပြည့်တန်ဆာအလုပ်ကို ပွဲစားဖြင့်တဆင့်ခံ လုပ်နေကြတာဖြစ်ပြီး တချို့ကားသမားတွေကျတော့ မိန်းမပျိုများအား ကိုယ်တိုင် ညလိုက်အိပ်ရန် ဈေးလိုက်ညှိနေကြပါတယ်။
တစ်ညကို ကျပ်တစ်သောင်းကျော်ရရှိနေကြတာဟာ သူတို့အတွက် နည်းလွန်းတဲ့ ငွေကြေးမဟုတ်တော့ အဆင်ပြေနေကြပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်များကလည်း ခုချိန်ထိ ကျိုးနေတဲ့တံတားအတွက် ဘာမှပြင်ဆင်လုပ်ပေးတာမျိုး မရှိ သေးပါဘူး။ ခရီးသွား၊ ကုန်သည်များအတွက် ခုလို တံတားပျက်ဆီးနေတာကြောင့် ခရီးသွားလာမှုမှာ အခက်အခဲဖြစ်နေရပါတယ်။
No comments:
Post a Comment