ဇော်ကြီး။
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်း၌ စစ်အစိုးရနှင့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA တပ် ဖွဲ့တို့ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် သံဃာတော်နှစ်ပါးပြန်လွန်ပြီး ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သည်။
DKBA တပ်ဖွဲ့များ နေရာယူထားသည့် တောင်ကုန်းသို့ စစ်အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒုက္ခ သည်များပုန်းရှောင်နေသည့်နေရာသို့ ကျရောက်ထိမှန်ခဲ့သည်ဟု ဒေသခံတဦးက ယခုလိုပြောသည်။
“မနက်(၁၀)နာရီကျော်လောက်ကစဖြစ်တာ။ အဲဒီမှာ လက်နက်ကြီးနဲ့ပစ်တော့ ထိုင်းဖက်ကမ်း ကျလာ ပြီးတော့ လူသုံးယောက်သေသွားတယ်လေ။ ပြီးတော့ လူက လေးယောက် ဘုန်းကြီးက နှစ်ပါးဒဏ်ရာ ရတယ်။ အဲဒီနှစ်ပါးစလုံး ခုနကပဲ ပျံလွန်တ်ာမူသွားပြီ။ နောက်ပြီး နေ့လည် နှစ်နာရီခွဲလောက်မှာကျတဲ့ အလုံးကြောင့် တယောက်သေတယ်။ တယောက်ဒဏ်ရာရတယ်။”
DKBA တပ်ဖွဲ့မှ ယမန်နေ့က ဘုရားသုံးဆူမြို့အားသိမ်းပိုက်ထားခဲ့ရာ ဒေသခံ စစ်အစိုးရတပ်မှ မြို့ပြင်ရှိ တပ်ရင်း အခြေစိုက်ရာတောင်ကုန်းသို့ ဆုတ်ခွာခဲ့သည်။ ယနေ့တွင် မြို့ကိုဝန်းရံ နေရာယူထားသည့် DKBA တပ်ဖွဲ့များ အား စစ်အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် နေခြင်းဖြစ်သည်။
ယင်းကိစ္စမှန်ကန်ကြောင်း နယ်မြေခံ DKBA တပ်မှူး ဗိုလ်မှူးအေ၀မ်းက အတည်ပြု ပြောကြားခဲ့ပြီး လူထုနစ်နာ မည်စိုး၍ မြို့ပြင်သို့ ပြောင်းရွှေ့နေရာယူခဲ့ပြီး စစ်အစိုးရတပ်မှ ဆက်လက်ပစ်ခတ်ပါက ၎င်းတို့ဖက်ကလည်း ပြန်လည်ပစ်ခတ်မည်ဟု ယခုလိုပြောသည်။
“ကျနော်တော့ မြို့မိမြို့ဖကိုတော့ ပြောလိုက်တယ်။ မနေ့ကတည်းက ကျနော်တို့ဝင်တာ သူတို့(လူထု)တောင်းပန်လို့ ကျနော်တို့ ပြန်နောက်ဆုတ်လိုက်တာ။ ဒါပေမယ့် ခုနကလိုမျိုး ပစ်နေမယ်ဆိုရင် ကျ နော်တို့လည်း သူတို့တပ်ကုန်းရှိတဲ့ မြို့လယ်ကို ကျနော်တို့ လက်နက်ကြီးနဲ့ ပြန်ပစ်ရလိမ့်မယ်။”
နယ်စပ်အရေးစောင့်ကြည့်နေသူတဦးက နှစ်ဖက်လက်ရှိအခြေအနေနှင့်ပတ်သက်၍ DKBA တပ်ဖွဲ့အနေနှင့် တိုက်စစ်အသွင်မှ ခံစစ်အနေအထားသို့ ပြောင်းလဲသွားသည်ဟု သုံးသပ် ပြောဆိုသည်။
“အခုက ဒီကေဘီအေက ခံစစ်လိုဖြစ်သွားတာပေါ့။ စစ်တပ်က မြို့ပြန်သိမ်းမယ်ဆိုတော့ ဒီဖက်က ခံ စစ်လိုဖြစ်သွားတာပေါ့။ ပထမက စစ်တပ်ကို တိုက်ထုတ်လိုက်တယ်လေ။ အခု စစ်တပ်က မြို့ပြင် ရောက်ပြီးတော့ မြို့ကို ပြန်သိမ်းမယ်လေ။ စစ်တပ်က တိုက်စစ်ဖြစ်ပြီး သူက ခံစစ်ပြန်ဖြစ်သွားတာ ပေါ့။”
ယမန်နေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်အစိုးရဖက်မှ ရဲအရာရှိအပါအ၀င် နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရကာ ပြည် သူ့စစ်နှစ်ဦးနှင့် လက်နက်ငယ်ကိုးလက်အား DKBA တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု ၎င်းကဆက်ပြောသည်။
ယခုလတိုက်ပွဲများတွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသည့် ဗိုလ်မှူးချုပ် စောလားပွယ်ဦးဆောင် သည့် DKBA တပ်မဟာ(၅)တပ်ဖွဲ့နှင့်ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင်အချို့တို့ ပူးပေါင်း၍ စစ်အစိုးရအား တိုက်ခိုက်နေခြင်းဖြစ်သည်။
ယမန်နေ့က မြ၀တီမြို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် DKBA ဖက်မှ ပြန်လည် ဆုတ်ခွာသွားသည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ဗိုလ်မှူးအေ၀မ်း က “လုံးဝမဆုတ်ဖူး။ ခနဆုတ် လိုက်တာပဲ။ ဒါပေမယ့်သူတို့ကို ကျနော်တို့ပညာပြတဲ့ သဘောပဲလေ။ ဒါပေမယ့် ကျနော်တို့လည်း သိမ်းပိုက်တဲ့အနေအထားပေါ့။ ခြေမှုန်းတဲ့အနေ အထားလည်း ကျနော်တို့ အဲလောက်အထိမလုပ်ဖူး။” ဟု ပြောသည်။
လက်ရှိအခြေအနေအရ စစ်အစိုးရဖက်မှ ပြန်လည်ထိုးစစ်ဆင်မည့် အနေအထားများဖြစ်ပေါ် နေကြောင်းနှင့် အ ကယ်၍ထိုးစစ်ဆင်လာပါက DKBA ဖက်မှခုခံကာကွယ်သွားမည်ဟု ဆက်ပြောသည်။
နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ဘုရားသုံးဆူဒေသမှထွက်ပြေးလာသူ သောင်းနှင့်ချီရှိနိုင်ပြီး မြ၀ တီဖက်မှထွက်ပြေးလာသူ တစ်သောင်းကျော်ရှိပြီဟု နယ်စပ်သတင်း များအရ သိရသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ (၇) ရက်နေ့က စစ်အစိုးရကျင်းပသည့် ရွေးကောက်ပွဲသည် စစ်မှန်ပြီး တရားမျှတမှု မရှိ သည့်အတွက် ယခုလိုတိုက်ခိုက်ရခြင်းဖြစ်သည်ဟု DKBA တပ်မဟာ(၅)မှူး ဗိုလ်မှူးစောလားပွယ်ကပြောကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယခုလိုတိုက်ပွဲများ ဖြစ်ပေါ် လာခဲ့သည်။
No comments:
Post a Comment