သျှမ်းသံတော်ဆင့်
မူစယ်မြို့နယ် မော့တောင်းရွာအုပ်စု တာဝန်ကျ ရဲများက မြင်းကျောင်း ပြန်လာသည့် ဟိုခေးရွာသား အသက် ၆၈ နှစ် အရွယ် အဖိုးအိုအား ဓါးဖြင့်ခုတ်သည့် အမှု ယခုလ ၂၈ ရက်နေ့ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
၎င်းနေ့က မော့တောင်းရွာအုပ်စု ဟိုခေးရွာသား ဦးဖဝေါင်းသည် မြင်းလိုက်ပြီးရွာသို့အပြန် ရဲတပ်ဖွဲ့ဝင် ၄ ဦးခန့်နှင့် ၁၀၅ မိုင်ကုန် သွယ်ရေးဇုံအနီး၌ ဆုံမိပြီး နှစ်ဘက် အချေအတင်စကားများရာမှ ဓါးအခုတ်ခံခဲ့ရခြင်း ဖြစ်သည် ။
ဦးဖဝေါင်း၏ မျက်နှာတွင် ဓါးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မူစယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း မိသားစုနှင့် နီး စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“သူက မြင်းမောင်းလာတာ ဦးတင်မောင် ခေါင်းဆောင်တဲ့ရဲ ၄ ယောက်နဲ့ ၁၀၅ မိုင်လမ်းမကြီးနားမှာ တွေ့တယ် ရဲတွေက ဆိုင်ကယ်မီးထိုးထားတော့ မြင်းတွေပြေးလို့ မီးမထိုးဖို့ ရဲတွေကို သွားပြောတာ စကားများပြီး ရဲတစ်ယောက်က မျက်နှာကို ဓါးနဲ့ ၂ ချက်ခုတ်လိုက်တယ် ”
“ဆိုင်ကယ်မီးထိုးထားတော့ မြင်းတွေက ပတ်နေလိုက် ပြန်မောင်းလိုက် ဖြစ်နေတာ မြင်းတွေပြေးလို့ ဆရာကြီးမလုပ်ပါနဲ့ လို့ ပြောတော့ သူတို့အထဲက တစ်ယောက်က ဓါးယူပြီးလာခုတ်တယ် အခုဆေးရုံမှာ ၁၃ ချက်ချုပ်ထားရတယ် ” ဟု ဆို သည် ။
ယခုအခင်းဖြစ်ပွားသည် နေရာသည် မှောင်ခိုသမားများ ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ရှောင်ကွင်းလမ်းအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်နယ်စပ်ဘက်မှ ကယ်ရီဆိုင်ကယ်သမားများထံမှ ငွေညှစ်ရန် စောင့်ဆိုင်းနေသည့်ရဲများ ဖြစ်ကြောင်း သိရသည် ။
No comments:
Post a Comment