Thursday, November 11, 2010

ရွေးကောက်ပွဲ မတိုင်မှီ ၂ ရက်အလို စစ်တပ် သေနတ်ဖောက်

နှောင်းလှိုင်

ရွေးကောက်ပွဲ မတိုင်မှီ ၂ ရက် အလိုတွင် ကရင်နီပြည် လွိုင်ကော်မြို့၏ မြောက်ပိုင်းမြို့ အ၀င်ဝ၌ အခြေချထားသော ခမရ ၂၆၁ တပ်ဖွဲ့မှ ည ၇ နာရီ အချိန်တွင် သေနတ်များ ဖောက်ခဲ့သည့်အတွက် မဲပေးသူတို့အား ကြောက်လန့်စေရန် ခြိမ်းခြောက်မှုတခု ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

သေနပ်ပစ်ဖေါက်မှုများနှင့် ပါက်သက်ပြီး“ရွာတွေကို ခြိမ်းခြောက်တာ ဖြစ်မယ်၊ နောက်သူတို့ ဟိုဘက်က တော်လှန်ရေးအဖွဲ့တွေ ခြိမ်းခြောက်တာလဲ ပါတယ်” ဟု လွိုင်ကော်မှ ဒေသခံ တဦးက ပြောပါသည်။

သေနတ်ဖောက်သည့် အရပ်သည် လွိုင်ကော်မြောက်ဖက် မြို့အ၀င်ဖက်က ဖြစ်သည့်အတွက် တပ်လှန့်တာလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

လွိုင်ကော်မြို့အ၀င် မြေနီကုန်ရပ်တွင် ကြံ့ဖွံ့ပါတီမှ ရပ်ကွက်လူကြီးများကို အသုံးချကာ နာမည်စာရင်းများ ကြိုတင်ကောက်ယူခဲ့ပြီး မဲလာထည့်စရာ မလိုတော့ကြောင်း ပြောဆိုခဲ့သည်။ သေနတ်ပစ်ခတ်မှုကြောင့်လည်း ရွေးကောက်ပွဲရက်တွင် မြေနီကုန်းမှ ပြည်သူလူထုများ မဲလာထည့်သူ အလွန်နည်းပါးခဲ့သည်ဟု ဆိုသည်။

“မဲထည့်သူ အလွန်နည်းပါတယ်။ ကြိုတင်မဲ လုပ်ထားပေးမယ် လာစရာ မလိုဘူး ပြောတယ်” ဟု လွိုင်ကော်မြို့ မြေနီကုန်း ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

No comments: