နိရဉ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် မယက ဥက္ကဌ အမိန့်ဖြင့် သက်ကြီးရွယ်အိုများထံမှ ကြိုတင်မဲ ကောက်ယူနေပြီး အာဏာပိုင်များက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲထည့် ခိုင်းနေကြောင်း သတင်း ရရှိသည်။
ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာ ကျေးရွာတွင် သက်ကြီး ရွယ်အိုများထံမှ ကြိုတင်မဲ ကောက်ခံပြီး ကြံ့ဖွတ်ပါတီကို မဲထည့်ခိုင်းသဖြင့် တခြားမကျေနပ်သူများက အထက်ကို တိုင်ကြားခဲ့သည်ဟု သိရသည်။
နောက်ထပ် တိုင်ကြားပါက အသေသတ်ပစ်မည်ဟု အာဏာပိုင်များ က ခြိမ်းခြောက်ခဲ့သည်ဟု ပန်းနီလာ ကျေးရွာသား တစ်ဦးက ပြောသည်။
“ သူတို့က ကျွန်တော်တို့ ရွာက အသက်ကြီးသူတွေဆီက ကြိုတင်မဲတွေ ကောက်နေတဲ့နေရာမှာ ကြံ့ဖွတ်ပါတီကို မဲထည့်ခိုင်းတယ်။ အဲသလို လုပ်တာကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ရခိုင်ပါတီတွေကို တိုင်ကြားတော့ နောက်ထပ် တိုင်ကြားရင် တိုင်တဲ့သူတွေကို အသေ သတ်ပစ်မယ်ဆိုပီး မယက ဥက္ကဌနဲ့ သူလူတွေက ခြိမ်းခြောက် ပါတယ်။”
ယခုအခါ ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၆၀ ကျော် သက်ကြီးများထံမှ ကြိုတင်မဲ ကောက်ခံနေရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ထိုသို့ အားသုံးပြီး ကြံ့ဖွတ်ကို မဲထည့်ခိုင်းနေခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ရွာက အသက် ၇၄ နှစ်ရှိပြီး ဖြစ်တဲ့ ဒေါ်သံခိုင်ဖြူ ကတော့ သူ့ကို ခြင်္သေ့ကို ထည့်ခိုင်းတဲ့အတွက် ခြင်္သေံ့နေရာမှာ ခြစ်ပြီး မဲထည့်ခဲ့တယ်လို့ ပြောပါတယ်။ ခုလို လုပ်နေတဲ့ အတွက် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမူ ရှိမယ်ဆိုတာ ဘယ်သူမှ မယုံဘဲ ဖြစ်နေပါတယ်” ဟု သူက ပြောသည်။
မယက ဥက္ကဌ ဦးစောထွန်းဦးနှင့် အပေါင်းအပါများက အသေ သတ်ပစ်မည်ဟု ခြိမ်းခြောက်မူကြောင့် အဆိုပါ သတင်းကို တိုင်ကြားသူများမှာ ယခုအခါ သူတို့ လုံခြုံရေးကို အထူး စိုးရိမ်နေကြသည်ဟု သတင်းများ ရရှိသည်။
No comments:
Post a Comment