သျှမ်းသံတော်ဆင့်
၂၀၁၀ အောက်တိုဘာ၂၇ ရက် မယက နှင့် တရားသူကြီးတို့က မြို့နယ်ကော်မရှင်ကိုခေါ်ယူပြီး ကြိုတင်မဲပေးခြင်း အခမ်းအနားကို သိန္နီမြို့နယ် ရပ်ကွက် ၃ ၌ နံနက် ၉း၃၀ နာရီတွင် ပြုလုပ်ခဲ့သည်။ ရပ်ကွက်သုံး ရာအိမ်မှူး လုံးလှဖေ က ကျားဖြူပါတီအတွက်မဲခြစ်ပေးနေသည်ကို မြို့နယ် တရားသူကြီး ဒေါ်ခင်စိုးညွှန့်က သူ့လက်ကိုပုတ်ပြီး `ကျားဖြူအတွက်မဲမထည့်ရဘူး၊ နင်ထောင်ကျချင်လား´ဟု ပြောသည်။
မယက ဥက္ကဌ ဦးသန်းအောင်လည်း `နင်ကငါ့လူပဲ၊ ဒါတောင် ကျားဖြူအတွက်မဲထည့်ချင်သေးတယ်။ တော်ကြာ လက်သီး စာမိတော့မယ်နော်။ နင့်ကို အချုပ်ထဲလဲထည့်ထားလို့တယ် သိလား´ ဟု ခြိမ်းခြောက်ပြန်သည်။ လုံးလှဖေ က သူ့လက်နှစ်ဖက်ကိုဆန့်၍ ဖမ်းချင်ရင်ဖမ်းနိုင်ကြောင်း တုန့်ပြန်ခဲ့သည်။ မျက်မြင်သက်သေများ ၅ ယောက် ၆ ယောက်လောက်ရှိသည့်အတွက် ယခုထက်ထိ လုံးလှဖေအား အရေးယူခြင်းမရှိသေးကြောင်း သိရှိရသည်။
၂၀၁၀ နိုဝင်ဘာ ၃ ရက်နေ့ မိုင်းကိုင် မယက မှ ကျေးရွာအုပ်စု ၂၂ ခု သူကြီးများကိုခေါ်ယူပြီး မြို့နယ် ကော်မရှင်အား ကြိုတင်မဲများ ထုတ်ပေးခိုင်း သည်။ တအုပ်စု မဲပေါင်း ၂၀၀ (သို့) ၁၅၀ ခန့်ယူ၍ ကြံ့ဖွတ်ထောက်ခံမဲ ခြစ်ပြီးပြန် လာပေးရမည်ဖြစ်ကြောင်း။ အချို့အုပ်စုကို မဲ ၂၀၀၊ အချို့ ၁၅၀၊ အချို့က ၅၀ သာ ယူသွားကြောင်း သိရသည်။ တုံလောဝ်းအုပ်စု နှင့် ပန်ကေတု အုပ်စုတို့မှ ကြိုတင်မဲယူသွားရန် ငြင်းဆန် ကြသည်။
မိုင်းကိုင်မြို့ ၇ ရပ်ကွက်အားလုံးမှ မြို့နယ်ကော်မရှင် ၀န်ထမ်းများထံ ကြိုတင်မဲအားလုံးကိုကောက်ထား ပြီးဖြစ်ကြောင်း၊ ကြိုတင်မဲများလည်း ကြိုက်နှစ်သက်ရာပါတီကို မဲပေးနိုင်ကြောင်း လေသံပစ်၍ ကြံ့ဖွံ့ ပါတီကိုသာထောက်ခံရန် အတင်းအကြပ် ခြိမ်းခြောက်မဲထည့်ခိုင်းသည်။
နိုဝင်ဘာ
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ကျားဖြူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ညွှန့် သတင်း ပို့ကြားချက်အရ - မြို့နယ်အာဏာပိုင်နှင့် မြို့နယ်ရပ်ကျေးကော်မရှင်တို့က ရပ်ကွက်အသီးသီး၌ ကြံ့ခိုင်ရေး ပါတီကိုမဲထည့်ဖို့ မောင်းထုပြီး လှုံ့ဆော်နေသည်ဟုဆို၏။ နိုဝင်ဘာ ၇ ရက်နေ့မှ စုပေါင်းမဲထည့်မည် ဆိုပါ က လူများလွန်းသည့်အတွက် အဆင်မပြေမည်စိုးသဖြင့် ကြိုတင်မဲထည့်ခိုင်းခြင်းဖြစ်သည်ဟုဆို၏။ အဆိုပါ ကြိုတင်မဲများကို လည်း သက်ဆိုင်ရာကော်မရှင်နှင့် မဲရုံတာဝန်ရှိသူတွေများ ကိုယ်စား မဲထည့်ပေးမည်ဖြစ်ပြီး ထည့်မည့်လူ စာရင်းသာ ပေးဖို့ ရပ်ကျေးတိုင်းကို လှုံ့ဆော်နေ၏။ ထို့ကြောင့် ဗန်းမောက်မြို့နယ်မှ ၀င် ရောက် အရွေးခံမည့် ကျားဖြူလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်သော ဦးကျော်ညွှန့် (ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း)၊ ဦးမာကျင်(တိုင်းဒေသကြီးလွှတ်တော်အမှတ် ၁ )၊ ဦးအောင်စိုး ထွန်း(တိုင်း ဒေသ ၂) တို့က ဒီတိုင်းမတရားမှုဖြင့်ဆက်ဖြစ်နေပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ နှုတ် ထွက်မည်ဟု ပြောဆိုနေ ကြသည်။
အောက်တိုဘာ ၁၈ နံနက် ၁၀ မှ ၁၁ နာရီ လားရှိုးမြို့နယ် တာပုံကျေးရွာတွင်ကျေးရွာလူထု ၃၀၀ ကျော်အား ဆင့်ခေါ်စုရုံးစေပြီး ကြံ့ဖွံ့ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးစိုင်းမြင့်အေး ဒေါ်နှင်းယုလှိုင်၊ ဦးစိုင်းခမ်းမတ် တို့က ကြံ့ခိုင်ရေးပါတီအားမဲထည့်ဖို့ခြိမ်းခြောက်စည်းရုံး နေကြောင်းသိရ၏။ ဦးစိုင်းမြင့်အေး က ၎င်းတို့ပါတီအားမဲမထည့်လျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုသည့်အတွက်ဒေသခံပြည် သူများ ကြောက်ရွံ့ထိတ်လန့်သူကကြောက်ရွံ့၊ မကျေမနပ်ဖြစ်သူကဖြစ်နေ သည်။ ဦးစိုင်းမြင့်အေးသည် SSA(မြောက်) ဒုတိယဥက္ကဌဗိုလ်ချုပ်ကိုင်ဖ နှင့် ခမည်းခမက်တော်သူဖြစ်သည်။
နိုဝင်ဘာ ၃ - ၎
လားရှိုးမြို့နယ် နမ့်ပေါင် ကျေးရွာအုပ်စု ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကြူ သည် ၎င်း၏သားမက်ဖြစ်သူ နမ့်ပေါင်တိုက်နယ်အုပ်စုဥက္ကဌ၏ အာဏာကိုအလွှဲသုံးပြီး နမ့်ပေါင် အုပ်စုအတွင်းမှ တောနယ်၊ မန်ပျင်၊ နမ့်မဘောထ၊ လုံထန်၊ မိန်းတိန်း၊ မန်စေ့ ကျေးရွာတို့မှ လူအင်အား ၁၀၀ ကျော်ကို နိုဝင်ဘာ ၃-၄ ရက်နေ့ ညနေ ၅ နာရီမှ ၉ နာရီအတွင်း ကြိုတင်မဲထည့်ရန် စာရင်းလာ ရောက်ပေးသွင်းဖို့ဆင့်ဆိုသည်။
ကျေးရွာလူထုအနေဖြင့် စာရေးမထံတွင် နာမည်စာရင်းပေးသွင်းပြီး လက်မှတ်ထိုးကြရန် သာလိုသည်။ ကိုယ် တိုင်မဲထည့်ရန်မလို။ မိမိ၏စာရေးမကတာဝန်ယူ အမှန်ခြစ်ပေးမည်။ လာရောက်စာရင်းပေးသွင်းခြင်းမရှိဘဲ နောက်နောင်တစ်စုံတစ်ရာပြဿနာပေါ်ပေါက်လာပါက မိမိ လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ခြိမ်းခြောက်သည်။ ဦးစိုင်းကြူသည် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် အရွေးမခံမှီက နမ့်ပေါင် တိုက်နယ်အုပ်စု၏ရယက ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ပြီး မကြာမှီကာလကမှ ၎င်း၏သားမက်အားဥက္ကဌတာဝန်လွဲပြောင်းပေး အပ်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment