မောင်အေး
စစ်တွေမြို့တွင် ယမန်နေ့က ပြည်နယ် ရဲမင်းကြီး အကူအညီကို ယူပြီး ကြံ့ဖွတ် ပါတီမှ ပြုလုပ်သော မဲဆွယ် ဟောပြောပွဲမှာ တခြားပါတီများ၏ ဆန့်ကျင်ကန့်ကွက်မူကြောင်း နောက်ပိုင်းတွင် ဟောပြောပွဲကို ရပ်တန့်လိုက်ရသည်ဟု သိရသည်။
ရွှေးကောက်ပွဲ ဥပဒေအရ မဲဆွယ် စည်းရုံးရေးကို ရွေးကောက်ပွဲ မကျင်းပမှီ ၅ ရက်အလိုတွင် ရပ်တန့်ရမည်ဟု ပါရှိရာ ကြံ့ဖွတ် ပါတီခေါင်းဆောင်များက ပြည်နယ်ရဲမင်းကြီး အကူအညီကို ယူ၍ စစ်တွေ မောလိပ် ရပ်ကွက်တွင် ကျင်းပရန် စီစဉ်ခဲ့သည်။
သို့သော်လည်း တခြား နိုင်ငံရေး ပါတီများက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ ဥပဒေကို ချိုးဖေါက်ပြီး ကြံ့ဖွတ် မဲဆွယ် စည်းရုံးရေး လုပ်နေကြောင်း တိုင်ကြားခဲ့သဖြင့် ရွေးကောက်ပွဲ ကော်မရှင်က လာရောက်ဟန့်တားရာမှ ကြံ့ဖွတ် ဟောပြောပွဲမှာ ပျက်သွားခဲ့သည်။
တခြားပါတီများမှ ဥပဒေကို ချိုးဖေါက်ပြီး ကြံ့ဖွံပါတီ မဲဆွယ် စည်းရုံးရေး လုပ်နေကြောင်း ကော်မရှင်သို့ သွားရောက် တိုင်ကြား ခဲ့ကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်မှ ယခုကဲသို့ ပြုလုပ်နေကြောင်းကို ၎င်းတို့ မသိရှိပါကြောင်း ပြန်လည် ပြောကြားပြီးနောက် ရပ်ကွက်သူ ရပ်ကွက်သားများက မကျေမနပ် ဖြစ်လာရာမှ နောက်ပိုင်းတွင် ရွေးကောက်ပွဲ ကော်မရှင်က လာရောက် ဟန့်တားရာမှ မဲဆွယ်ပွဲ ပျက်သွားကြောင်း စစ်တွေမြို့ခံ အမျိုးသမီးတဦးကပြောသည်။
ဟောပြောပွဲလုပ်ရန် စီစဉ်သည့်အခါလည်း ကြံ့ဖွံ့ပါတီမှ မောလိပ်ရပ်ကွက်ရှိ ဓမ္မာရုံမှ ပစ္စည်းများကို အသုံးပြုရန် စီစဉ်ခဲ့သည့် အတွက် ရပ်ကွက်သားများက ဟန့်တားမူများ ရှိခဲ့ကြောင်း သူမက ဆက်ပြောသည်။
“ဓမ္မာရုံက ပစ္စည်းတွေကို ယူဖို့လုပ်တယ်။ ဒါကို ရပ်ကွက်ထဲက လူတွေကလည်း ကျွန်တော်တို့ ပစ္စည်းတွေကို အသုံး မပြုပါနဲ့ ကျွန်တော်တို့မှာ ရန်ပုံငွေလည်း နည်းတယ်။ ပစ္စည်းတခု ပျက်စီး သွားရင် နောက်ထပ် မဖြည့် နိုင်ဘူး။ ဒါကြောင်း ကိုယ့်ပစ္စည်းတွေကိုသုံးပါ ဒီက ပစ္စည်းတွေကို မသုံးနဲ့လို့ ဟန့်တားခဲ့ကြတယ်။” ဟု ပြောသည်။
ကြံ့ဖွတ်ပါတီအား စည်းရုံးရေး လုပ်ခွင့် ပြုသူ ရဲမင်းကြီနှင့် တခြား ပါတီများ အကြား စကားများမူများ ရှိခဲ့ပြီး နေပြည်တော်ကို တိုင်တန်းမည်ဟု တခြားပါတီများက ပြောကြားသည့် အတွက် ဟောပြောပွဲ အစီအစဉ်ကို နောက်ပိုင်းတွင် လုံးဝ ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment