Saturday, April 2, 2011

ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကို ရဲချုပ်အဖြစ် ခန့်အပ်

ဖနိဒါ

ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကို ရန်ကုန်တိုင်း ဒုတိုင်းမှူးရာထူးမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရာထူးသို့ ပြောင်းလဲကာ အစိုးရသစ်က ခန့်အပ်လိုက်သည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းသည် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် စစ်ဗျူဟာမှူး တာဝန်ယူခဲ့ပြီး၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်း အပတ်စဉ် ၂၃ တွင် တက်ရောက်ခဲ့ပြီးနောက် ၂ဝဝ၉ ခုနှစ်မှစ၍ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဖြစ်လာခဲ့သည်။

“အရင်က တပ်က ဝင်ကိုင်ထားတော့ တပ်က အာဏာများတယ်ပေါ့။ အထူးသတင်းတွေမှာပေါ့။ တပ်နဲ့တွဲပြီး ကိုင်ရတယ်လေ။ အခုကတော့ တပ်ကလည်း သူ့တပ်သူယူ၊ ရဲကလည်း သူ့မူလလုံခြုံရေး တာဝန် သူယူထားတယ်။ ဥပဒေအရ လိုက်နာကျင့်သုံးကြမယ်ဆိုရင်တော့ ရဲလည်း ရဲပါဝါနဲ့ မြင့်လာမှာပေါ့။ မူလက ရှိခဲ့တဲ့ ပုံစံထက်စာရင် ပါဝါနည်းနည်း မြင့်လာတာပေါ့။ ရဲရဲ့ ဒေသလုံခြုံရေး မူလတာဝန်ဖြစ်တာကို လုပ်လို့ ရမှာပေါ့။ အရင်ကလို တပ်က ကြားဝင်စစ်တာတို့ မလုပ်ရတော့ဘူးပေါ့” ဟု မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

No comments: