“ဥပဒေက ဒီလိုပြဆိုတယ်။လက်တွေ့ဘ၀ကဒီလိုဖြစ် နေတယ်။ကူညီ ပါရ စေနှင့် တာဝန် ရှိသူများ ကူညီကြပါ။”ပဲခူးမြို့၊ဥသာမြို့သစ်၊အမှတ်(၆)ရပ်ကွက်၊သမိန်ပရမ်းလမ်း၊အိမ်အမှတ်(၁၅၇)နေအိမ်တွင်ဖွင့်လှစ်ထားသောအလှပြင်ဆိုင်တစ်ခုမှ ငွေကျပ်(၅)သိန်းအား သံသယဖြစ်ဖွယ် မြောက်ဥက္ကလာမှအလုပ် လာရောက် အလုပ် လုပ်ကိုင်သူအလုပ်သမတစ်ဦးမှ ခိုးယူသည့်အခြေအနေဖြစ်ပေါ်နေသဖြင့်ပဲခူးမြို့ အခင်းဖြစ်ပွားရာရပ်ကွက် အုပ်ချုပ် ရေးမှူးထံ အသိပေး တိုင်ကြား၍အလုပ်သမ နေထိုင်ရာ မြောက်ဥက္ကလာ ပမြို့နယ်သို့ပဲခူးမြို့၊ဥသာမြို့ သစ်(၆)ရပ်ကွက် အုပ်ချုပ် ရေးမှူး အပါအ၀င်ဆိုင်ရှင် များမှပြသာနာအား အငြိမ်းချမ်းဆုံး ဖြေရှင်းနိင်ရန် လာရောက်၍သက်ဆိုင်ရာ လမ်းတာဝန်ခံ ရာအိမ်မှူးမှ တဆင့်အလုပ်သမ နေအိမ် သို့သွား ရောက်၍တွေ့ဆုံဖြေရှင်းရန်ကြိုးစားသော်လည်း အလုပ်သမနှင့် မိသားစုမှ ထွက်တွေ့လက်ခံ ဖြေရှင်းချင်းမရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊မြို့နယ်ရဲစခန်း၊မြို့နယ်အုပ်ချုပ်ရေးရုံးများသို့လမ်းတာဝန်ခံ ရာအိမ်မှူးမှ ပြေလည် အောင်ဖြေရှင်းပေးနိင်ရန် ဖုန်းဆက်အသိပေးခေါ်ဆိုသောလည်း မည်သည့်တာဝန်ရှိလူပုဂ္ဂိုလ်များမှရောက်ရှိ ဖြေရှင်း မပေးခဲ့ သဖြင့် ပဲခူး မြို့မှ လိုက်ပါ လာသောရပ်ကွက် အုပ်ချုပ်ရေး မှူးအပါအ၀င် ဆိုင်ပိုင်ရှင် မိသားစု များနှင့်ရပ်ကွက် နေပြည်သူ များမှအလွန်ပင် စိတ်ပျက် ခဲ့ရကြောင်း သတင်းရေး သားအပ်ပါသည်။
ဖြစ်စဉ်မှာ....ပဲခူးမြို့၊ဥသာမြို့သစ်(၆)ရပ်ကွက်၊သမိန်ပရမ်းလမ်း၊အိမ်အမှတ်(၁၅၇)တွင်မစုစုလှိုင်ပိုင်ဆိုင်သောALPHODINE BEAUTY SALOONအလှပြင်ဆိုင်ဖွင့်လှစ်ထားခဲ့ရာမြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်၊သုမာလာ(၆)လမ်၊အိမ်အမှတ်(၃၉၅)နေမဥသြော(ခ)မအေးအေးသန့်မှာ အလုပ်ဝင်ရောက်လုပ်ကိုင်နေခဲ့ရာမှ၁၅.၁၁.၂၀၁၁ညနေ(၅)နာရီအချိန်တွင် ဖခင်ဖြစ်သူနေမကောင်းဟုဆိုကာ
ပဲခူးမြို့အလုပ်မှနေ၍မြောက်ဥက္ကလာသို့ပြန်သွားခဲ့ပါသည်။
နောက်တစ်ရက် အကြာ ၁၆.၁၁.၂၀၁၁တွင် ဆိုင်ရှင်ဖြစ်သူ မစုစုလှိုင်မှ ငွေထား ရှိရာ နေရာတွင် ခြေရာ လက်ရာများ ပျက်ယွင်း နေသဖြင့် စစ်ဆေးကြည့် ရာငွေကျပ်(၅)သိန်း ပျောက်ဆုံး သွားသည်ကို သိရှိရ သဖြင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး မှူးအား အကြောင်းကြား ၍အေးအေး ဆေးဆေး ဖြေရှင်း ပေစေကြောင်း အသိပေး၍ ဆိုင်တွင်လာရောက် အလုပ် လုပ်ကိုင်သူ သံသယ ဖြစ်ဖွယ် မဥသြော (ခ) မအေးအေးသန့် နေထိုင်ရာမြို့နယ်၊ ရပ်ကွက်၊ လမ်းသို့ အခင်း ဖြစ်ပွား ခဲ့ရာရပ်ကွက် အုပ်ချုပ်ရေး မှူးအား အကူအညီ တောင်းခေါ်ယူ၍ ပြသာနာ အားအငြိမ်းချမ်း ဆုံးဖြေရှင်း နိင်ရန် ၁၆.၁၁.၂၀၁၁ ည၉နာရီ ကျော်ခန့်တွင် ပဲခူးမြို့မှ ကားငှား၍ လိုက်ပါ လာခဲ့သည်။
၁၀နာခွဲ ခန့်တွင် မြောက်ဥက္ကလာ ၊(၂)ရပ်ကွက်၊ သုမာလာ (၆)လမ်းသို့ရောက်ရှိ လာရာလမ်းတာဝန်ခံရာအိမ်မှူးအိမ်သို့ဝင် ရောက်၍ လမ်းတာ ၀န်ခံမှ တဆင့် အလုပ်သမ မဥသြော နေအိမ်သို့ သွားရောက်၍ တွေ့ဆုံ ဖြေရှင်း နိင်ရန် အိမ်ရှေ့မှအချိန် တော် တော်ကြာကြာ ခေါ်ယူခဲ့ သော်လည်း ပြန်လည် ဖြေကြားခြင်း တစ်စုံတစ်ရာ ပြန်လည်တုန့် ပြန်မှု မရှိသဖြင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ် ရေးရုံး၊သက်ဆိုင်ရာ ရဲကင်း၊သက်ဆိုင် ရာမြို့နယ် ရဲစခန်း၊သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေး မှူးရုံးများသို့ လမ်းတာဝန်ခံရာအိမ်မှူးမှ ဖုန်းဆက် အကူအညီ တောင်း၍ ပြသာနာ အားဖြေရှင်း ပေးနိင်ရန် အကြောင်း ကြားဆက်သွယ် ပြောဆိုခဲ့ သော်လည်း တာဝန်ရှိမည်သည့် လူပုဂ္ဂိုလ် များမှ လာရောက် ဖြေရှင်း ပေးခဲ့ခြင်း မရှိသလို ရဲစခန်း မှရပ်ကွက် အုပ်ချုပ်ရေး သို့ပြော စေရန်၊ရပ်ကွက် အုပ်ချုပ် ရေးမှ
ရဲစခန်းတွင်အမှုဖွင့် ရန်၊မြိုနယ် အုပ်ချုပ်ရေး မှနောက်ရက်မနက်မှပြန်လာ တိုင်ကြားဖို့ ပြော၍ မြို့နယ် ရဲစခန်း တာဝန်ကျ တာဝန်မှူး မှလည်း လမ်း တာဝန်ခံ ရာအိမ် မှူးအား အဆင်ပြေ သလိုေ စာင့်ကြည့် ဖြေရှင်းပေး ရန်နှင့် ပြသာနာ တစ်စုံ တစ်ရာ ဖြစ်လာလျှင် မူရဲစခန်း သို့ ဆက်သွယ် ပေးစေချင် ကြောင်းသာ တုန့်ပြန် ခဲ့ကြရာ ရပ်ဝေးမှ လိုက်ပါ လာကာ ပြသာနာအား အကျဉ်းရုံး ဖြေရှင်း ပေးနိင်ရန် လိုက်ပါ လာခဲ့သောပဲခူးမြို့၊ ဥသာမြို့ သစ်(၆) ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် ရာအိမ်မှူး များခိုးယူခံရသော မိသားစုများမှ ပြသာနာ ကြီးကြီး ကျယ်ကျယ်ဖြစ်မှ ဖြေရှင်း ပေးကြတော့ မှာလား ဟူသော စကား သံများနှင့် မကျေ မနပ်ဖြင့် ပဲခူး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား မည်ဖြစ်ကြောင်း ပြောဆို ပြန်သွား ခဲ့ရပါသည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၆ တွင် နိင်ငံတော်သည် နိင်ငံသားများ၏တရားဝင်ရရှိပိုင်ဆိုင်ထားသောရွှေ့ပြောင်း နိင်သော ပစ္စည်း၊ မရွှေ့ပြောင်း နိင်သော ပစ္စည်း များနှင့် စပ်လျဉ်း၍ ဥပဒေအရ အကာ အကွယ် ပေးရမည် ဟု အတိအလင်း ဖော်ပြထား ချက်မှာ လက်ရှိဖြစ် ပေါ်တွေ့ ရှိနေ ရသော အခြေ အနေများနှင့်ချိန်ထိုးတွေးကြည့်မည်ဆိုပါလျှင်....
မှတ်ချက်။ ။ယခု ရေးသား တင်ပြသော သတင်းဖြစ်စဉ် နှင့်ပါက်သက်၍ မေးမြန်း စုံစမ်း လိုပါလျှင် ငွေကျပ်(၅)သိန်း ခိုးယူခံ ရသူ မစုစုလှိုင် ၏ ဖုန်း နံပါတ်မှာ052-30883 / 0943027762 ဖြစ်၍ ပဲခူးမြို့၊ဥသာ(၆)ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးမြင့်ဦး ၏ဖုန်း နံပါတ်မှာ 0943027997 ဖြစ်ပြီး မြောက် ဥက္ကလာ ၊(၂)ရပ်ကွက် ရာအိမ်မှူး ဆက်သွယ် အကူအညီ တောင်းပြော ဆိုခဲ့သော မြို့နယ် ရဲစခန်း ဖုန်းနံ ပါတ် များမှာ 699384 /699395 များဖြစ်၍ သိရှိလို သည်များ ဆက်သွယ် မေးမြန်း နိင်ပါသည်။ တရား ဥပဒေသည် ပြဠာန်း ချက်စာအုပ် များမှ နိင်ငံတော် နှင့်နိင်ငံ သားတို့ ထံတွင် စိမ့်ဝင် သက်ရောက် တည်တံ့မှုများ အမြန်ဆုံး ဖြစ်ပေါ် တိုးတက်ပါစေ.....
ကျောင်းသားလူငယ် ၀လုံး
No comments:
Post a Comment